Honor ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက Honor 100 Series ကို တရုတ်ပြည်တွင်းမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Honor 100 Series ဖုန်းတွေဟာ All-Rounder အကုန်လုံးကောင်းမွန်ဖို့ ဦးစားပေးထားတဲ့ဖုန်းတွေဖြစ်ပြီး အခုလည်း Honor ကနေ Performance စွမ်းဆောင်ရည်ပိုင်းကို ပိုမိုဦးစားပေးထားမယ့် စမတ်ဖုန်း ၂ လုံးကို လာမယ့် ဒီဇင်ဘာလအတွင်းမိတ်ဆက်သွားဖို့ စီစဥ်နေပြီလို့သိရပါတယ်။

အဆိုပါ Honor စမတ်ဖုန်းအသစ် ၂ မျိုးဟာ Honor 90 GT နဲ့ Honor X50 GT ဖုန်းတွေဖြစ်ပြီး Camera ပိုင်းထက် စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ဖို့ကို ပိုဦးစားပေးထားမှာဖြစ်ပါတယ်။

အရင်ဆုံး Honor X50 GT ဖုန်းဟာ ယခင် X40 GT မှာအသုံးပြုခဲ့တဲ့ Qualcomm Snapdragon 888 Chipset ထက် စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ Chipset ပါဝင်လာဖွယ်ရှိပြီး Snapdragon 8+ Gen 1 သို့မဟုတ် Snapdragon 8 Gen 2 Chipset ကို ထည့်သွင်းလာနိုင်ပါတယ်။

တစ်ဖက်မှာ Honor 90 GT ဖုန်းကလည်း လွန်ခဲ့တဲ့ Honor 80 GT မှာအသုံးပြုခဲ့တဲ့ Snapdragon 8+ Gen 1 Chipset ထက် ပိုကောင်းတဲ့ Chipset ပါဝင်မှာဖြစ်ပြီး အနိမ့်ဆုံး Snapdragon 8 Gen 2 သို့မဟုတ် Snapdragon 8 Gen 3 Chipset ကို အဆင့်မြှင့်တင်ထားမှာပါ။ လောလောဆယ်ထွက်ပေါ်လာတဲ့သတင်းတွေအရ Honor ကနေ Honor 90 GT+ ဆိုပြီး အမြင့်ဆုံး RAM 24GB ပါဝင်တဲ့ Version ကိုပါ တွဲဖက် မိတ်ဆက်သွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။

အဆိုပါ Honor စမတ်ဖုန်းအသစ် ၂ မျိုးကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို အတိအကျမသိရသေးပေမယ့် သတင်းတွေအရတော့ ယခု ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – GSM Arena