Huawei ကနေ Mid Range စမတ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Honor 9X Lite ကို မကြာခင်မှာမိတ်ဆက်လာဖို့ရှိပါတယ်။ အဆိုပါ Honor 9X Lite ဖုန်းဟာ မကြာသေးခင်တုန်းက India မှာ မိတ်ဆက်ထားခဲ့တဲ့ Honor 9X ထက် စွမ်းဆောင်ရည်ပိုင်းပိုနိမ့်မှာဖြစ်ပြီး စျေးနှုန်းအရလည်း ပိုသက်သာမှာဖြစ်ပါတယ်။

Honor 9X Lite စမတ်ဖုန်းရဲ့ Teaser ဓါတ်ပုံကို အခုအချိန်မှာ မြင်တွေ့ရပြီဖြစ်ပြီးတော့ Camera ပိုင်းအနေနဲ့ Dual Camera Setup ကိုမှ Primary Sensor ကို 48MP Sensor ထည့်သွင်းလာမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာပဲ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ထူးခြားချက်တစ်ခုက လက်ရှိ Huawei စမတ်ဖုန်းတွေအကုန်လုံးဟာ Google Mobile Services (GMS) အစား Huawei Mobile Services (HMS) ကို ပြောင်းလဲအသုံးပြုနေပြီဖြစ်ပေမယ့် ဒီ Honor 9X Lite ဖုန်းမှာတော့ Google Mobile Services တွေကို အသုံးပြုလာဖို့များနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Honor ရဲ့ Honor V20 ၊ Honor 9X ဖုန်းတွေနဲ့အတူ Honor 9X Lite ကလည်း Google Play Certification ကိုရရှိထားတာကိုတွေ့ရလို့ပါ။

အဆိုပါ Google Play Certification မှာတော့ Honor 9X Lite နာမည်နဲ့ Model ၃ မျိုးကို တွေ့ရှိရပြီးတော့ အဆိုပါ Model Numbers (SN-L21 ၊ JSN-L22 နဲ့ JSN-L23) တွေဟာ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Honor 8X နဲ့တူညီနေတဲ့အတွက် Honor 9X Lite ဖုန်းက မနှစ်တုန်းက Honor 8X ဖုန်းကိုပဲ Design ပိုင်းအနည်းငယ်ပြောင်းပြီး မိတ်ဆက်လာဖို့လည်း ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Giz China