Android User တွေအတွက် ရွေးချယ်စရာ Foldable ဖုန်းများစွာ ထွက်ပေါ်နေပါပြီ။ ဒါပေမယ့် Apple ရဲ့ Foldable ဖုန်းကတော့ မထွက်လာသေးပါဘူး။ ခုတော့ Honor CEO က အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ အမြင်ကို ပြောကြားလိုက်ပါတယ်။

Honor Magic V3 နဲ့ Magic Vs3 ကို ကြေညာပြီးနောက်မှာ Honor CEO Zhao Ming က အင်တာဗျူးမှာ “ Honor က ဝယ်လိုအားများတဲ့အတွက် Foldable ဖုန်းတွေကို ထုတ်လုပ်ရောင်းချတာပါ။ Foldable ဖုန်းတွေရဲ့ အဓိက စိန်ခေါ်မှုက အထူ၊ အလေးချိန်နဲ့ အကြမ်းခံမှု ဖြစ်ပြီး Foldable Screen ကိုလည်း သုံးစွဲသူတွေက အဓိက စိတ်ပူကြပါတယ်။ Honor ဟာ အဲဒီ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ထားနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

The first-ever foldable iPhone may have display by Samsung

Apple က Foldable ဖုန်းကို အခုထက်ထိ ဘာလို့ မရောင်းချနိုင်သေးတာလဲလို့ မေးတဲ့အခါ သူက “ Apple ဟာ ဒီဇိုင်း အပိုင်းနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပုံပေါ်ပါတယ်။ Apple ဟာ ကောင်းမွန်တဲ့ Foldable Screen ကို မဖန်တီးနိုင်သေးတာ ဖြစ်နိုင်ပါတယ်။ “ လို့ ဖြေကြားသွားပါတယ်။

သူက “ Foldable ဖုန်းတွေကို ပါးလွှာ ပေါ့ပါးအောင် ဖန်တီးဖို့သာမကဘဲ User တွေအတွက် အသုံးပိုတည့်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Foldable ဖုန်းတွေရဲ့ အတွင်း နဲ့ အပြင် Display တွေကိုလည်း ပိုမို အသုံးဝင်အောင် ဖန်တီးရမှာပါ။ AI ဟာလည်း Foldable ဖုန်းတွေရဲ့ Multitasking ကို ပိုကောင်းအောင် ပြုလုပ်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gizmochina