Honor ဟာ HONOR MALL ကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံတွင်း တရားဝင်စတင်တော့မယ်လို့ မကြာခင်ရက်ပိုင်းကပဲ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို လွတ်လပ်ပြီးအမှီအခိုကင်းမဲ့တဲ့ ပလက်ဖောင်းကတစ်ဆင့် ပေးကမ်းသွားမှာ ဖြစ်ပါတယ်။

HONOR MALL ဟာ ကုမ္ပဏီရဲ့ Smart Product တွေကိုလည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ဒီ ထုတ်ကုန်တွေရဲ့ ကုဒ်နာမည်တွေကို Weibo အသုံးပြုသူတစ်ဦးက ထုတ်ဖော်လာပါတယ်။ HONOR MALL ရဲ့ Home Page မှာ York, Noble D, Bohr, Locke နဲ့ Kanon စတဲ့ ထုတ်ကုန်နဲ့ ကုဒ်နံပါတ်တွေကို ဖော်ပြမယ်လို့ သိရပါတယ်။

လက်ရှိဒီသတင်းရေးသားဖော်ပြချိန်မှာ Webpage ဟာ Down နေတာကြောင့်၊ ဒါဟာ မှားယွင်းတဲ့အချက်အလက်ကို ဖော်ပြတာလည်း ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် York ကတော့ လာမယ့် Honor V40 စမတ်ဖုန်း ဖြစ်ကြောင်းက သိသာထင်ရှားနေတာလည်း ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်မှာ ထုတ်ကုန်တွေရဲ့ ကုဒ်နာမည်တွေကလွဲရင် အခြားအချက်အလက်တွေမဖော်ပြထားပေမယ့် Weibo မှာတော့ HONOR MALL နဲ့ပတ်သက်တဲ့ Teaser တွေကို ပြုလုပ်ထားနှင့်ပြီးဖြစ်တာကို တွေ့ရပါတယ်။ ထွက်ပေါ်ထားတဲ့ ပိုစတာအရ Laptop, Smartwatches, Electric Massager (Vibrator), Toothbrush နဲ့ TV တို့ကို တွေ့မြင်ရပါတယ်။ Honor ဟာ 75-inch X1 Smart TV ကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

Ref: Gizmochina