Honor က Magic V3 Foldable စမတ်ဖုန်းကို နိုင်ငံတကာမှာ စက်တင်ဘာလ ၅ ရက်နေ့မှာ ကြေညာမယ်လို့ မကြာခင်က အသိပေးခဲ့ပါတယ်။ Honor က ရိုးရိုးတန်းတန်း ကြေညာလိုက်တာ မဟုတ်ဘဲ Samsung ကို လှောင်ပြောင်လိုက်ပါသေးတယ်။

Honor Magic V3

Honor က X (Twitter) မှာ Honor Magic V3 နဲ့ နှိုင်းယှဉ်ရင် Samsung Galaxy Z Fold6 ‘Fat’ ဖြစ်သွားပါတယ်လို့ ရေးသားထားပါတယ်။ သဘောက Samsung Galaxy Z Fold6 ဟာ Honor Magic V3 နဲ့ နှိုင်းယှဉ်ရင် ထူလွန်းတယ်လို့ ပြောတာပါ။

Honor Magic V3

Honor က Magic V3 ရဲ့ အထူကို Samsung Galaxy Z Fold6, Galaxy Z Fold5 , Galaxy Z Fold4 နဲ့ နှိုင်းယှဉ်ပြတဲ့ ဓါတ်ပုံကို မျှ‌ဝေလိုက်ပါတယ်။ Honor Magic V3 ဟာ Foldable ဖုန်းတွေထဲမှာ အပါးလွှာဆုံး ဖြစ်ပြီး ခေါက်ချိုးထားရင် အထူက ၉.၃ မီလီမီတာပဲ ရှိပါတယ်။ Galaxy Z Fold6 ကို ခေါက်ချိုးထားရင် အထူက ၁၂.၁ မီလီမီတာ ရှိပြီး Honor Magic V3 ထက် ၃ မီလီမီတာ ပိုထူပါတယ်။

မကြာခင်က စိတ်ဝင်စားစရာ သတင်းတစ်ခု ထွက်လာပါတယ်။ အဲဒါက Samsung ဟာ ၇ မီလီမီတာ Foldable ဖုန်း ၁ လုံးကို ဖန်တီးနေပြီး Honor  Magic V3 ထက် ပိုမို ပါးလွှာမှာပါ။ အဲဒီ မော်ဒယ်ကို Galaxy Z Fold6 Slim လို့ အမည်ပေးထားနိုင်ပါတယ်။

Ref : gizmochina