Honor ဟာ သူ့ရဲ့ ပထမဆုံး Flip Foldable စမတ်ဖုန်းကို မကြာခင် ကြေညာတော့မှာဖြစ်ပါတယ်။ Honor Magic Flip လို့ အမည်ပေးထားပြီး အခုတော့ အဲဒီဖုန်းရဲ့ ဒီဇိုင်းနဲ့ ကြေညာမယ့် အချိန် ထွက်ပေါ်လာပါတယ်။

Honor Magic Flip

Honor Magic Flip ကို တရုတ်ရဲ့ Spring Festival မှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ တရုတ်ရဲ့ Spring Festival ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ၁၇ ရက်အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံလည်း ထွက်ပေါ်လာပါတယ်။

ဓါတ်ပုံမှာ Magic Flip ရဲ့ အနောက်ဘက် ဒီဇိုင်းကို ပြသထားပြီး စက်ဝိုင်းပုံသဏ္ဍာန် Ring Module ၂ ခု ထည့်သွင်းထားပါတယ်။ အပေါ်ဘက်က Module မှာ Image Sensor ထည့်သွင်းထားနိုင်ပြီး အောက်ဘက်က တစ်ခုဟာ External Cover Display ဖြစ်နိုင်ပါတယ်။

ယခင် မိခင်ကုမ္ပဏီ ဖြစ်တဲ့ Huawei ရဲ့ Clamshell Folding ဖုန်းနဲ့ တော်တော်တူပါတယ်။ Magic Flip မှာ 2,420mAh+1,980mAh Dual-cell Battery ကို ပေါင်းစပ်ထားတဲ့ 4,500mAh Battery ပါလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Honor Magic Flip ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina