Honor of Kings က ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တုန်းက စတင်ပြီး မိတ်ဆက်ခဲ့တာဆိုတော့ အခုအချိန်မှာ Free gift တွေနဲ့ ပျော်စရာကောင်းနေချိန် ဖြစ်ပါတယ်။ ဂိမ်းထဲဝင်လိုက်တာနဲ့၊ ဒါမှမဟုတ် ဂိမ်းတွင်း အစီအစဉ်တွေမှာ ဝင်ကစားလိုက်တာနဲ့ ဆုလက်ဆောင်တွေရနေတဲ့ HOK ဟာ လက်ရှိ Download count ကလည်း သန်း ၅၀ ကျော်သွားပြီလို့ သိရပါတယ်။

အခုလည်း ဒီလ ၂၅ ရက်နေ့မှာ အသစ်ထွက်တဲ့ in-game patch မှာ မြန်မာဘာသာစကားကို ရွေးချယ်ပြီး ဆော့ကစားဖို့ ထုတ်ပေးလိုက်ပြန်ပါပြီ။ ဒါဟာ မြန်မာနိုင်ငံက Honor of Kings ကစားသူတွေအတွက် တကယ်ကို သဘောတွေ့နှစ်ခြိုက်စရာ ထောက်ပံ့မှုပါပဲ။

Honor of Kings အနေနဲ့ လာမဲ့ Update တွေမှာလည်း Heros သစ်တွေကို တဖြည်းဖြည်းချင်း မိတ်ဆက်သွားဖို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ Esports ကဏ္ဍ အနေနဲ့ အမေရိကန်ဒေါ်လာ ၃ သန်းအထိ ဆုကြေးပေးမဲ့ Honor of Kings Invitational Midseason x Esports World Cup ပြိုင်ပွဲ ရှိနေပြီး မြန်မာနိုင်ငံကလည်း IMPUNITY Myanmar အသင်းက နိုင်ငံကိုယ်စားပြုအနေနဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

HOK Invitational Midseason x Esports World Cup ကို ဆော်ဒီအာရေဗျ နိုင်ငံ Riyadh မြို့မှာ ကျင်းပမှာပါ။ ဒီပြိုင်ပွဲအတွက် Qualify ဖြစ်ဖို့ အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ HOK Invitational Season 2 ပွဲကြီးမှာလည်း AhXing, Black, XHero, XiaoLin နဲ့ Megumi တို့နဲ့ ဖွဲ့စည်းထားတဲ့ IMPUNITY အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

အခုတော့ Esports World Cup မှာ နိုင်ငံတကာက Pro player တွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ IMPUNITY ကတော့ မြန်မာ Player တွေလည်း အရည်အချင်း ရှိကြောင်း ပြသခဲ့မယ်လို့ အင်တာဗျူးမှာ “မြန်မာနိုင်ငံမှာလည်း ဒီလို တကယ်တော်တဲ့ ကစားသမားတွေရှိတယ်ဆိုတာကို သက်သေပြလို့ရမယ့် အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်သွားပါမယ်” လို့ ပြောခဲ့ပါတယ်။

IMPUNITY ဟာ HOK Invitational Season 2 မှာ Brazilian အသင်း Loops ကို ရှုံးခဲ့ပါတယ်။ အဲဒီတော့ အခု Esports World Cup မှာ နောက်တစ်ကြိမ် ပြန်တွေ့ကြမယ်ဆိုရင် ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ IMPUNITY အနေနဲ့ မြန်မာစံတော်ချိန် ညနေ ၅း၃၀၊ ဩဂုတ်လ ၁ ရက်နေ့မှာ Kagendra အသင်းနဲ့ ယှဥ်ပြိုင်ကစားရပါမယ်။ အဲဒီပွဲကို အားပေးချင်ရင်တော့ Honor of Kings Official Myanmar Facebook Page – https://www.facebook.com/HonorofKingsMyanmar ကနေ ဝင်ရောက်အားပေးလို့ရပါတယ်။

HOK Invitational Midseason ပွဲစဥ်တွေကို YouTube, Facebook, နဲ့ TikTok တို့ကနေ လက်မလွတ်တမ်း စောင့်ကြည့်နိုင်သလို Honor of Kings ဂိမ်းကို ဆော့ချင်ရင်လည်း App Store နဲ့ Play Store တို့ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

HOK MM FB: https://www.facebook.com/HonorofKingsMyanmar
HOK MM TikTok: https://www.tiktok.com/@hokmmofficial
Instagram:@hok_global_esports
Facebook: @hokglobalesports
Twitter: @HoKEsports
YouTube: @hokglobalesports2022
Twitch: @hok_global_esports
Level Infinite YouTube: https://www.youtube.com/@lvlinfinite

Media release: Honor of Kings