Honor ကနေ တရုတ်နိုင်ငံစျေးကွက်အတွက် Honor 80 GT ဖုန်းအပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ Tablet အသစ်ကိုပါ ပူးတွဲမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Tablet ကိုတော့ Honor Pad V8 Pro လို့ နာမည်ပေးထားပြီးတော့ Honor ကုမ္ပဏီအတွက် Flagship Tablet တစ်လုံးလို့ ပြောနိုင်မှာပါ။

Honor Pad V8 Pro ဟာ ကြီးမားတဲ့ 12.1″ QHD+ (2560 x 1600 Pixels) Resolution ရှိတဲ့ IPS LCD Display ကို အသုံးပြုထားပါတယ်။ Refresh Rate ပိုင်းမှာ 144Hz အထိ ရရှိနိုင်သလို 10-bit Color Depth ၊ 100% DCI-P3 Color Gamut တွေကို ထောက်ပံ့ပေးထားတာကြောင့် အရောင်အသွေးစိုလင်မှန်ကန်တဲ့ Display တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် IMAX Enhanced Certification ကို ရရှိထားတဲ့အတွက် ရုပ်ရှင်တွေကြည့်ရှုတဲ့အချိန်မှာ ပိုမိုကောင်းမွန်တဲ့ Experience ကို ရရှိစေမယ်လို့ သိရပါတယ်။

Audio ပိုင်းမှာလည်း Honor Pad V8 Pro Tablet ဟာ Speaker ၈ လုံးအထိ ထည့်သွင်းပေးထားပြီးတော့ DTS:X Surround Sound ကို ထောက်ပံ့ပေးထားပါသေးတယ်။ ဒါကြောင့် တခြားသော Tablet တွေထက်တောင် အသံအရည်အသွေးပိုမိုကောင်းမွန်ဖွယ်ရှိနေပါတယ်။

Performance ပိုင်းမှာတော့ Honor Pad V8 Pro ဟာ MediaTek ရဲ့ Dimensity 8100 Chipset ကို အသုံးပြုထားပြီး RAM 8GB + 128GB ၊ RAM 8GB + 256GB နဲ့ RAM 12GB + 256GB Storage Version တွေကို ထုတ်လုပ်ထားမှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ အနောက်ဖက်မှာ 13MP Single Camera Setup နဲ့ Selfie Camera အတွက် 5MP Sensor ပဲ ပါဝင်မှာဖြစ်ပါတယ်။

Honor Pad V8 Pro ဟာ ကြီးမားတဲ့ 10050mAh Battery ကို ထည့်သွင်းပေးထားပြီး 35W Fast Charging ကိုလည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 12 ကို အခြေခံထားတဲ့ Magic UI 7.0 ကို အသုံးပြုထားပါတယ်။ Accessories တွေအနေနဲ့လည်း Honor Magnetic Keyboard အပြင် Active Stylus Pen တွေကိုပါ ထုတ်လုပ်ပေးထားပါတယ်။

အရောင်အနေနဲ့ကတော့ Gray ၊ Blue အပြင် Faux Leather Texture Design ပြုလုပ်ထားတဲ့ Orange ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး RAM 8GB + 128GB Version ကို တရုတ်ယွမ်ငွေ ၂,၅၉၉ (ဒေါ်လာ ၃၇၂ ဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena