Honor က Play 10C ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ 720×1604 resolution ရှိတဲ့ ၆.၆၁ လက်မ LCD မျက်နှာပြင် ပါဝင်ပြီး refresh rate 120 Hz နဲ့ Peak Brightness 1,010-nit အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒီဖုန်းကို MediaTek Dimensity 6300 SoC နဲ့ အားဖြည့်ပေးထားပြီး f/1.8 aperture ရှိတဲ့ 13 MP ကျောဘက်ကင်မရာ၊ f/2.2 aperture ရှိတဲ့ 5 MP selfie ကင်မရာနဲ့ 15W ကြိုးတပ်အားသွင်းစနစ်ကို ထောက်ပံ့ပေးတဲ့ 6,000 mAh ဘက်ထရီတို့ ပါဝင်ပါတယ်။
Play 10C က ဖုန်နဲ့ ရေဒဏ်ခံနိုင်တဲ့ IP64 အဆင့် သတ်မှတ်ချက် ရရှိထားပြီး RAM/storage အမျိုးအစား သုံးမျိုးနဲ့ ထွက်ရှိလာပါတယ်။ 4/128GB အမျိုးအစားကို တရုတ်ယွမ် ၆၄၉ (အမေရိကန်ဒေါ်လာ ၉၀ ခန့်)၊ 6/128GB အမျိုးအစားကို ယွမ် ၆၉၉ (ဒေါ်လာ ၉၇ ခန့်) နဲ့ 8/256GB အမျိုးအစားကိုတော့ ယွမ် ၈၉၉ (ဒေါ်လာ ၁၂၅ ခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
အရောင်အနေနဲ့ အပြာ၊ အဖြူနဲ့ အနက်ရောင်ဆိုပြီး ရွေးချယ်နိုင်ပြီး Honor ရဲ့ MagicOS 9.0 ကို အခြေခံတဲ့ Android 15 နဲ့ အလုပ်လုပ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားက 163.95 x 75.6 x 8.39 mm ရှိပြီး အလေးချိန်ကတော့ 197g ရှိပါတယ်။
အဲဒီဖုန်းကို တရုတ်နိုင်ငံမှာရှိတဲ့ Honor ရဲ့ online store မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး ပစ္စည်းပို့ဆောင်မှုကိုတော့ ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ Honor Play 10C ကို တရုတ်နိုင်ငံပြင်ပမှာ တရားဝင် ရောင်းချသွားမလားဆိုတာ မသိရသေးပါဘူး။
Ref : gsmarena