မကြာခင်ကပဲ Honor Play 9A ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်လာပါတယ်။ အခုတော့ TENAA ကို အဲဒီ ဖုန်း ရောက်လာပြီဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာဖို့များနေပါပြီ။ TENAA မှာလည်း အဲဒီ ဖုန်းရဲ့ Specs တွေကို ဖော်ပြထားပါတယ်။

TENAA မှာ 4,900mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပြီး အရင်သတင်းအရ 5,000mAh ဘက်ထရီလို့ သိရပါတယ်။ ဒီလို ဘက်ထရီ သတင်းအချက်အလက် အနည်းငယ်ကွဲပြားတာက သိပ်ပြဿနာ မဟုတ်ပါဘူး။ ကုမ္ပဏီက ကြော်ငြာတဲ့ ပမာဏနဲ့ တကယ်ပါတဲ့ ပမာဏက အနည်းငယ် ကွဲပြားနေတတ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 159.07 x 74.06 x 9.04 mm ဖြစ်ပြီး ၆.၃ လက်မ FullHD+ မျက်နှာပြင်ထည့်သွင်းထားမှာပါ။ အရွယ်သေး Notch Design ကို သုံးထားမှာ ဖြစ်ပါတယ်။

အရင်သတင်းတွေအရ Honor Play 9A မှာ MediaTek Helio P35 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM , 64GB or 128GB Storage တွေ ပါလာမှာပါ။ 13MP Main ကင်မရာနဲ့ 2MP Depth ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အဲဒီဘက်မှာပဲ မြှပ်နှံထားမှာပါ။ 10W Charging ပဲ ပါလာမှာ ဖြစ်တဲ့အတွက် အားသွင်းနှုန်းက သိပ်မမိုက်ပါဘူး။ Android 10 အခြေပြု Magic UI 3.0 ထည့်သွင်းထားပြီး အစိမ်း၊ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားမှာပါ။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena