Honor ကုမ္ပဏီကနေ ဘက်ထရီသက်တမ်း အလွန်ရှည်ကြာတဲ့ Honor Power 2 ဖုန်းကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ 10080mAh ဆိုတဲ့ ဘက်ထရီပမာဏ အကြီးကြီးကို သုံးထားတာကြောင့် အားတစ်ခါသွင်းထားရုံနဲ့ ဗီဒီယိုတွေကို ၂၆ နာရီကျော်အထိ မရပ်မနား ကြည့်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဘက်ထရီကြီးက တခြားဖုန်းတွေကိုလည်း 27W နဲ့ အားပြန်သွင်းပေးနိုင်တဲ့ Power Bank အဖြစ် အသုံးချလို့ ရသလို၊ ဖုန်းကို အားပြန်သွင်းရင်လည်း 80W မြန်နှုန်းမြင့် အားသွင်းစနစ်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Honor Power2 debuts with 10,080 mAh battery and Dimensity 8500 Elite chipset

ဒီဖုန်းမှာ 6.79 လက်မ ရှိတဲ့ 1.5K AMOLED Display ကို သုံးထားပြီး နေရောင်အောက်မှာ ကြည်ကြည်လင်လင် မြင်ရမယ့် အလင်းအမှောင်စနစ်တွေ ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် MediaTek Dimensity 8500 Elite Chipset ကို ကမ္ဘာမှာ ပထမဆုံး သုံးထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ အဲဒီအပြင် IP69K Rating ပါဝင်တာကြောင့် ရေဒဏ်နဲ့ ဖုန်ဒဏ်ကို အထူးခံနိုင်ရည် ရှိပြီး ကြမ်းတမ်းတဲ့ အခြေအနေတွေမှာပါ စိတ်ချလက်ချ သုံးလို့ရမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Honor Power2 debuts with 10,080 mAh battery and Dimensity 8500 Elite chipset

အနောက်ဘက်မှာ 50MP ပင်မကင်မရာနဲ့ 5MP Ultrawide ကင်မရာ ပါဝင်ပြီး Midnight Black, Sunrise Orange , Snowfield White  စုစုပေါင်း အရောင်သုံးမျိုးနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Software က Android 16 အခြေပြု MagicOS 10 ဖြစ်ပါတယ်။  ဈေးနှုန်းအနေနဲ့ တရုတ်နိုင်ငံမှာ ၂,၆၉၉ ယွမ် (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena