Honor ဟာ အခုအချိန်မှာ Huawei လက်အောက်ကနေ လုံးဝကွဲထွက်သွားပြီဖြစ်သလို ယခုနှစ်အတွင်းမှာ စမတ်ဖုန်းတွေအမြောက်အများရောင်းချရဖို့လည်း ခန့်မှန်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း Qualcomm ၊ MediaTek ၊ Intel လိုမျိုး Chipset ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ဆုံးသိရတဲ့သတင်းတွေအရ Honor ဟာ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Google Mobile Services ကိုပါ ပြန်လည်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါသတင်းသာ အမှန်ဖြစ်လာမယ်ဆိုရင် Huawei ရဲ့ လက်ရှိစျေးကွက်ကိုတောင် Honor ကနေ ပြန်လည်လုယူသွားနိုင်ဖွယ်ရှိနေပါတယ်။

နောက်ထပ်လည်း Honor ကနေ Magic Series Foldable စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်လာဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါပြီ။ အဆိုပါသတင်းကိုတော့ Weibo ကနေတစ်ဆင့် Chinese Microblogging Website တချို့ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ယခင်တုန်းကတော့ Honor ရဲ့ CEO ဖြစ်တဲ့ Zhao Ming ကနေ Honor အနေနဲ့ Huawei ရဲ့ Flagship Mate Series နဲ့ P Series ဖုန်းတွေလိုမျိုး Flagship Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Honor V40 ဖုန်းဆိုရင်လည်း Google Mobile Service တွေပါဝင်ခြင်းမရှိသေးပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Honor အနေနဲ့ အခုလိုမျိုး Foldable စမတ်ဖုန်းစျေးကွက်ကိုပါ ရောက်ရှိလာပြီး Google Mobile Service လည်းပါဝင်မယ်ဆိုရင် Samsung ရဲ့ Foldable ဖုန်းတွေနဲ့ ပိုပြီး ယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China