Honor V40 5G ရဲ့ သတင်းများစွာ ထွက်ပေါ်နေပါတယ်။ အခုတော့ အဲဒီစမတ်ဖုန်းရဲ့ ဈေးနှုန်းဟာ မိတ်ဆက်ပွဲ မတိုင်ခင် ပေါက်ကြားထွက်ပေါ်လာပြီး တန်ဖိုးအနည်းဆုံး 8/128GB Version ကို ၃,၉၉၉ ယွမ်နဲ့ ရောင်းမယ်လို့ သိရပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၈ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ ဒီဈေးနှုန်းဟာ တရုတ်က Huawei စတိုး ၁ ခုကနေ တင်ထားတာ ဖြစ်ပါတယ်။

Honor က V40 မှာ ဂိမ်းကစားရင် အရမ်းလန်းတဲ့  GPU Turbo X Acceleration Engine ထည့်သွင်းထားမယ်လို့ သတင်းပေးထားပါတယ်။ အဲဒီ လုပ်ဆောင်ချက်ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို Honor က မပြောသေးပါဘူး။ Honor V40 မှာ ၆.၇၂ လက်မ OLED မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Dimensity 1000+ Chipset မောင်းနှင်ထားပြီး အနောက်ဘက်မှာ 50MP Main အပါအဝင် ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။ 66W Wired နဲ့ 55W Wireless Charging တွေ ပါလာမှာပါ။

Honor V40 ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Huawei က Honor ကို Shenzhen Zhixin New Information Technology သို့ ရောင်းချပြီးနောက် Honor က ပထမဆုံး ထုတ်လုပ်ရောင်းချတဲ့ စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာပါ။

Ref : gsmarena