Honor X10 5G ကို တရုတ်မှာ မေလ ၂၀ ရက်က ကြေညာခဲ့ပြီး ဈေးအသက်သာဆုံး 5G စမတ်ဖုန်းလို့ ကုမ္ပဏီက ကြွားလုံးထုတ်ခဲ့ပါတယ်။ အဲဒီ ဖုန်းအတွက် မော်ဒယ် ၃ မျိုးထုတ်လုပ်ပေးထားပြီး 6/64GB , 6/128GB နဲ့ 8/128GB တို့ ဖြစ်ပါတယ်။ ၁,၈၉၉ ယွမ်၊ ၂,၁၉၉ ယွမ်နဲ့ ၂,၃၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၇ သောင်း၊ ၄ သိန်း ၃ သောင်းနဲ့ ၄ သိန်း ၇ သောင်းလောက် ရှိပါတယ်။ Probing Black , Racing Blue နဲ့ Lightspeed Silver ၃ ရောင်ထုတ်လုပ်ထားပါတယ်။

Honor X10 မှာ ၆.၆၃ လက်မ Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Notch မပါပါဘူး။ 90Hz Refresh Rate ထောက်ပံ့တဲ့အတွက် ဂိမ်းကစားရင် အရမ်းမိုက်မှာပါ။ Kirin 820 Chipset မောင်းနှင်ထားပြီး LPDDR4X RAM နဲ့ UFS 2.1 Storage တွေကြောင့် ဖုန်းသုံးရင် လျှင်မြန်မှာပါ။ 22.5W Fast Charging ထောက်ပံ့တဲ့ 4,300mAh ဘက်ထရီ ထည့်သွင်းထားပြီး ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

Honor X10 မှာ Android 10 OS အခြေပြု Magic UI 3.1.1 မောင်းနှင်ထားပြီး SD Card စိုက်နိုင်ပါတယ်။ 16MP Pop-up ဆဲလ်ဖီး ကင်မရာပါလာပြီး အနောက်ဘက်မှာ 40MP Sony IMX600y , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်ထားပါတယ်။

Ref : gizmochina