Honor က X5b နဲ့ X5b Plus အမည်ရ တန်ဖိုးနည်း စမတ်ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေကို အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါပြီ။ အဲဒီဖုန်းတွေရဲ့ Specs တွေဟာ အများစု တူညီကြပြီး Plus က အနည်းငယ်ပိုကောင်းပါတယ်။

Honor X5b and X5b Plus debut quietly - GSMArena.com news

Honor X5b နဲ့ X5b Plus မှာ LTE ပဲ ထောက်ပံ့တဲ့ Helio G36 Chipset မောင်းနှင်ထားပြီး Android 14 အခြေပြု MagicOS 8.0 ပါပါတယ်။ 6.56” LCD 720p Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch ကို Display မှာ ထည့်သွင်းထားပါတယ်။

Honor X5b and X5b Plus debut quietly - GSMArena.com news

Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ X5b Plus ရဲ့ အနောက်ဘက်မှာ 50MP Main နဲ့ X5b မှာ 13MP ကင်မရာ ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 0.8MP အပို ကင်မရာ ပါလာပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 5,200mAh Battery ထည့်သွင်းထားပါတယ်။ Honor X5b မှာ 4/64GB ပါလာပြီး ၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ X5b Plus မှာ 4/128GB ပါလာပြီး ၁၀၆ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena