Honor က တရုတ်မှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor X60i လို့ အမည်ပေးထားပြီး အရင်နှစ်ထုတ် Honor X50i နဲ့ မတူညီတဲ့ ဒီဇိုင်း၊ ပိုကြီးတဲ့ Battery နဲ့ ပိုကောင်းတဲ့ Display ထည့်သွင်းထားပါတယ်။

Honor X60i မှာ 6.7” OLED FHD+ Display တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ 2,000 Nits Peak Brightness နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဆေးတောင့်ပုံ Cutout ပါလာပြီး Notification နဲ့ တခြားအရာတွေ ပြသပေးတဲ့ Dynamic Island လိုမျိုး လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ Honor က အဲဒါကို Smart Capsule လို့ အမည်ပေးထားပါတယ်။ အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ Island  ထည့်သွင်းထားပြီး IP64 ရေစိုခံစံနှုန်း  ပါပါတယ်။

Honor X60i With MediaTek Dimensity 6080 SoC And 50MP Main Camera Launched  In China - The Tech Outlook

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Macro ကင်မရာ ၂ လုံး ၊ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ဓါတ်ပုံထဲက မလိုလားတဲ့ အရာတွေကို ဖယ်ရှားနိုင်တဲ့ AI Elimination Feature ပါပါတယ်။ MediaTek Dimensity 6080 Processor မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ စွမ်းရည်ပိုကောင်းစေတဲ့ Virtual RAM လည်း ပါပါတယ်။ 35W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်ထားပါတယ်။

Coral Purple, Cloud Blue , Moon Shadow White နဲ့ Magic Night Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 8/256GB ကို ၁,၃၉၉ ယွမ်၊ 12/256GB ကို ၁,၅၉၉ ယွမ်နဲ့ 12/512GB ကို ၁,၇၉၉ ယွမ် သတ်မှတ်ထားပြီး ဩဂုတ်လ ၂ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gizmochina