Honor က စွမ်းရည်သင့် X70i ကို ကြေညာလိုက်ပြီး 6.7” OLED 1080x2412p Display တပ်ထားပါတယ်။ 120Hz Refresh Rate, 3500 Nits Peak Brightness ထည့်သွင်းထားပြီး MediaTek Dimensity 7025 Ultra SoC ပါလာပါတယ်။
RAM/Storage Configuration ၃ မျိုး ထုတ်လုပ်ထားပြီး 8/256GB, 12/256GB နဲ့ 12/512GB တို့ ဖြစ်ကြပါတယ်။ Purple, Black , White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 108MP ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ပါပါတယ်။
Honor X70i မှာ ကြီးမားတဲ့ 6,000mAh Battery ထည့်ထားပြီး 35W Wired Charging ပါလာပါတယ်။ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Android 15 အခြေပြု MagicOS 9.0 မောင်းနှင်ထားပြီး အရွယ်အစား အပြည့်အစုံက 161 x 74.55 x 7.29 mm နဲ့ အလေးချိန်က ၁၇၈.၅ ဂရမ် ဖြစ်ပါတယ်။
တရုတ်မှာ Honor ရဲ့ တရားဝင် စတိုးကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး 8/256GB ကို ၁၉၁ ဒေါ်လာ၊ 12/256GB ကို ၂၃၃ ဒေါ်လာနဲ့ 12/512GB ကို ၂၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဧပြီလ ၃၀ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး တရုတ် ပြင်ပမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။
Ref : Gsmarena