တရုတ်ဖုန်းတွေမှာ Silicon Carbon နည်းပညာကိုအသုံးပြုပြီး ပမာဏများတဲ့ Battery တွေကို ထည့်သွင်းလာတာ လအနည်းငယ်ရှိပါပြီ။ ဒီ Trend ဟာ ဆက်လက် ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။
အခုတော့ မကြာခင် ထွက်လာမယ့် Honor ရဲ့ စွမ်းရည်သင့် ဖုန်းမှာ အလွန်ကြီးမားတဲ့ 8,000mAh Battery ပါလာမယ်လို့ သတင်းထွက်လာပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် စမတ်ဖုန်းတွေမှာ ဒီလောက်ကြီးမားတဲ့ Battery ပါလာမယ်ဆိုတာ စဉ်းစားလို့ကို ရမှာ မဟုတ်ပါဘူး။ Honor ရဲ့ အဲဒီ ဖုန်း အမည်ကို မသိရသေးပေမယ့် အရမ်း မိုက်တဲ့ စပီကာပါလာမယ်လို့ သိရပါတယ်။ Volume ကို ၃၀၀ ရာခိုင်နှုန်းအထိ တိုးချဲ့ပေးနိုင်မယ်လို့ ဆိုပါတယ်။
အဲဒီ ဖုန်းမှာ Qualcomm Snapdragon 7 Series Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပေမယ့် တိတိကျကျ မသိရသေးပါဘူး။ လက်ရှိမှာ အဲဒီ ဖုန်းရဲ့ တခြား Specifications တွေကို မသိရသေးပါဘူး။ ဘယ်အချိန် ကြေညာမလဲ၊ ဘယ်အချိန် ရောင်းမလဲ ဆိုတာလည်း မသိရသေးပါဘူး။ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခင် ထပ်မံ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။
Ref : gsmarena