လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ လူ၊ ကျွဲ၊ နွားတွေကို အသုံးပြုတဲ့ခေတ်က ကုန်တော့မှာပါ။ တရုတ် နိုင်ငံ ရှန်ဟိုင်းမှ Diantian Farm လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ AI စက်ရုပ်တွေကို အသုံးပြုနေကြပါပြီ။

AI Robots Shanghai

Li Wei အပါအဝင် အင်ဂျင်နီယာာ ၇၀ ကျော်ဟာ အဲဒီမှာ အလုပ်လုပ်နေကြပြီး စပါးခင်းတွေကို နည်းပညာနဲ့ ထွန်ယက်စိုက်ပျိုးနေကြပါတယ်။ ၇ နှစ်ကျော်ကြာ အချိန်ယူတီထွင်ထားတဲ့ စက်ရုပ် အမျိုးအစားပေါင်း ၆၀ ကျော်ဟာ အဲဒီမှာ အလုပ်လုပ်နေကြပါတယ်။ စက်ရုပ်တွေက ကောက်ပဲသီးနှံတွေကို ထွန်ယက်စိုက်ပျိုးတာ ကနေ ရိတ်သိမ်းတာအထိ လုပ်နိုင်ကြပါတယ်။ အဆင့်မြင့် AI ဦးနှောက် ထည့်သွင်းထားပြီး မညီညာတဲ့ လယ်ယာမြေမှာ အလိုအလျှောက်သွားလာနိုင်ကာ ဆုံးဖြတ်ချက်တွေ ချနိုင်ကြပါတယ်။

Deux Ex Machina Part V: Robotics In Agriculture | TD Cowen

လယ်သမားတွေဟာ စမတ်ဖုန်းကို အသုံးပြုကာ စက်ရုပ်တွေကို အလုပ်လုပ်ခိုင်းနိုင်ပါတယ်။ စက်ရုပ်တွေဟာ လူတွေလို အနားယူစရာ မလိုဘဲ အချိန်ပြည့် အလုပ်လုပ်နိုင်ကြပြီး 5G, Image Recognition နဲ့ Big Data တို့လို နည်းပညာတွေ ထည့်သွင်းထားကြပါတယ်။

စက်ရုပ်တွေဟာ စမတ်ကျတဲ့ အလုပ်သမားတွေ  ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပေါင်းသင်တဲ့ စက်ရုပ်ဟာ ကောက်ပဲသီးနှံလား၊ မလိုလားအပ်တဲ့ ပေါင်းပင်တွေလားဆိုတာ တိကျစွာ ခွဲခြားနိုင်ပြီး ပေါင်းသင်ပေးနိုင်ပါတယ်။ တရုတ်ရဲ့ BeiDou Navigation Satellite System ကြောင့် အခုလို ပြုလုပ်နိုင်တာပါ။ Diantian Farm မှာသာမက Shaanxi ပြည်နယ်၊ Hanzhong မှာလည်း ဉာဏ်ရည်မြင့် စက်ရုပ်တွေကို လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုနေကြပါတယ်။

Ref : gizmochina