Gmail App ထဲက Compose Button ရဲ့ အောက်မှာ Google Meet Button ကြီးကြီး ၁ ခုကို Google က မကြာခင်ကပဲ ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ လူတိုင်းလိုလို Gmail သုံးနေကြပြီး သင်ဟာ Google Meet သုံးစွဲသူ ၁ ယောက် မဟုတ်ဘူးဆိုရင် အဲဒီ Button က မျက်စိရှုပ်စေပါတယ်။ ကံကောင်းတာက အဲဒီ Button ကို ဖျောက်နိုင်တဲ့ နည်းလမ်းကို Google က ပံ့ပိုးပေးထားပါတယ်။

  • သင့် စမတ်ဖုန်းက Gmail App ကို ဖွင့်ပါ။
  • Settings ထဲသွားပြီး အကောင့် နာမည်ကို နှိပ်ပါ။
  • General > Meet ထဲသွားပြီး “Show the Meet tab for video calling” မှာ Disable လုပ်ပါ။

ဒါဆိုရင် သင် မသုံးတဲ့ Google Meet Button ဟာ Gmail App မှာ မပေါ်တော့ပါဘူး။ သင့်ဖုန်းမှာ Gmail အကောင့် ၁ ခုထက်ပိုရှိရင် အကောင့်အားလုံးအတွက် ဒီလိုပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Ref : tnw