လူတိုင်းလိုလို စားသောက်ဆိုင်နဲ့ စတိုးတွေကို လူရှင်းချိန်မှာ သွားချင်ကြမှာပါ။ ကိုဗစ် ကာလမှာ လူရှင်းချိန်ကို ပိုလို့တောင် ကြိုက်ကြမှာပါ။ Google Maps က စားသောက်ဆိုင်၊ စတိုး ၁ ခုမှာ လူများ၊ မများ ပြောပြပေးနိုင်တယ်ဆိုရင် သင် အံ့ဩသွားမလား။ အဲဒါတွေတင် မကသေးပါဘူး။ ကုမ္ပဏီ၊ ပန်းခြံ၊ ရုပ်ရှင်ရုံတွေ အပြင် တခြား တည်နေရာတွေမှာ လူများ၊ မများ Google Maps က ပြောပြနိုင်ပါတယ်။

စားသောက်ဆိုင် သို့မဟုတ် စတိုး ၁ ခုကို Maps မှာ ရှာပြီး ၁ ချက်နှိပ်ပါ။ Panel ၁ ခုပေါ်လာရင် ၁ ချက်နှိပ်ပြီး အောက်ထဲကို  ဆင်းကာ “Popular Times” ကို ရှာပါ။ အဲဒီ Section မှာ ရက်အလိုက်၊ အချိန်အပိုင်းအခြား အလိုက်  လူများ၊ မများကို ရုပ်ပုံကားချပ်နဲ့ ပြသထားပါတယ်။ သင် နှစ်သက်တဲ့ ရက်ကို ရွေးချယ် ကြည့်ရှုနိုင်ပါတယ်။

Google Maps က လူများ၊ မများ ဘယ်လို သိသလဲ?

Google Location History ကို Enable လုပ်ထားတဲ့ လူတိုင်းရဲ့ တည်နေရာ ဒေတာတွေကို Google က ရယူကာ လူများ၊ မများ တွက်ချက်ပေးတာပါ။

Ref : howtogeek