Always-On Display လို့ လူသိများတဲ့ OLED Display သုံးထားတဲ့ဖုန်းအများစုမှာ Clock ၊ Notifications နဲ့ အခြားသော အချက်အလက်တွေကို Display မှာ အမြဲတမ်းဖော်ပြပေးနေတဲ့ Feature က အခုဆိုရင် ဖုန်းတိုင်းနီးပါးမှာ ပါဝင်လာပြီပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Always-On Display ကို Customize ပြုလုပ်နိုင်မှုမှာအကောင်းဆုံးက Samsung ဖုန်းတွေလို့ ပြောလို့ရပါတယ်။ Samsung Galaxy S8 ၊ Note 8 နဲ့ အခုထွက်ထားတဲ့ S9 စမတ်ဖုန်းတွေမှာ Always-On Display က ကိုယ်စိတ်ကြိုက်ပုံစံထားလို့ရနေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Samsung က သူ့ရဲ့ Always-On Display ကို ပြောင်းလဲမှုအချို့ပြုလုပ်ထားပြီး Gallery App Version 3.2.26.4 မှာ GIF Image တွေကိုပါ Always-On Display အနေနဲ့ ထားနိုင်တဲ့ Feature ပါလာပြီဖြစ်ပါတယ်။

အခုလိုမျိုး ထားချင်တယ်ဆိုရင် ကိုယ်ကြိုက်တဲ့ GIF Image ရဲ့ Menu မှာ “Set as Always On Display Image” ဆိုတာကို ရွေးချယ်လိုက်ရုံနဲ့ GIF ရဲ့ ဘယ်အပိုင်းကို Always-On Display အနေနဲ့ ထားမလဲဆိုတာကို ရွေးချယ်နိုင်မှာပါ။

တစ်ခုရှိတာကတော့ အခု GIF Image က အချိန်ကြာနေတယ်ဆိုရင် ပြန်လည်ဖြတ်ထုတ်ခိုင်းမှာဖြစ်ပြီးတော့ Google ရဲ့ .webp Format ကိုလည်း ထောက်ပံ့ထားခြင်းမရှိသေးပါဘူး။ နောက်တစ်ခုက Samsung Galaxy S8 ၊ S8+ ၊ Note 8 ၊ S9 နဲ့ S9+ ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်