Apple ဟာ iOS 15 ကို လက်ရှိအချိန်မှာ Public Beta အနေနဲ့ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဆိုပါ iOS 15 ရဲ့ Feature တွေထဲမှာ Notification Summary Feature ဟာလည်း အသုံးပြုသူတွေအကြိုက်တွေ့စေမယ့် Feature တစ်ခုဖြစ်လာမှာပါ။

Notification Summary Feature ဟာ အဓိကအနေနဲ့ ပုံမှန် Application တွေကနေ Notification တွေဝင်ရောက်မှုကို ခတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ရောက်မှပဲ စုပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖော်ပြချင်တဲ့ App တွေကိုလည်း စိတ်ကြိုက်သတ်မှတ်ထားနိုင်မယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဒီ iOS 15 ရဲ့ Notification Summary Feature ကို ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။

အရင်ဆုံး Settings ကနေ Notification ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီကနေမှ Scheduled Summary ထဲကို ထပ်မံဝင်ရောက်ဖို့လိုအပ်မှာပါ။

ပြီးရင်တော့ Scheduled Summary Feature ကို On ထားပြီးတော့ App in Summary ဆိုပြီး Notification တွေကို သတ်မှတ်ထားတဲ့အချိန်မှာပဲ ရရှိချင်တဲ့ App တွေကို ရွေးချယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြီးရင်တော့ တစ်နေ့ကို ဘယ်နှစ်ကြိမ် Notification ရယူချင်တယ်ဆိုတာနဲ့ Notification တွေဘယ်အချိန်မှာရယူမလဲဆိုတာကို သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Notification Summary Feature ဟာ အလုပ်ချိန်မှာ အနှောင့်အယှက်မဖြစ်ချင်တဲ့သူတွေအတွက် ပိုပြီးသင့်တော်ပြီးတော့ လုပ်ငန်းခွင်မှာ ပိုပြီးအာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန်အသုံးပြုတဲ့သူတွေအတွက်ကတော့ Notification Summary က အရမ်းအသုံးမလိုသေးဘူးလို့ ပြောနိုင်ပါတယ်။

Ref – Mashable