Microsoft Edge ဟာ လက်ရှိအချိန်မှာ တဖြည်းဖြည်းနဲ့ လူသုံးများလာတဲ့ Web Browser တစ်ခုဖြစ်နေပါပြီ။ အခုပြောသွားမယ့် Feature ကတော့ Microsoft Edge Browser မှာ လူသုံးနည်းပေမယ့် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပြီး Math Solver လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

ဒီ Feature ကတေ့ာ နာမည်အတိုင်းပဲ သင်္ချာပုစ္ဆာတွေကို အလွယ်ကူဆုံးဖြေရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖြေရှင်းပေးဖို့ကလည်း အလွန်လွယ်ကူပြီး Website မှာ Screenshot အနေနဲ့ ရိုက်ယူပြီး ဖြေရှင်းခိုင်းတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် Input တွေရိုက်ပြီးပဲဖြစ်ဖြစ် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သင်ဟာ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနေရတဲ့ ကျောင်းသားတစ်ဦးဆိုရင် အခု Feature က အလွန်အသုံးဝင်မှာဖြစ်ပါတယ်။ ဒီ Math Solver Feature ကို ဘယ်လိုမျိုးအသုံးပြုရမလဲဆိုရင်တော့

ပထမဆုံးအနေနဲ့ Microsoft Edge Browser မှာ ကိုယ်ဖြေရှင်းချင်တဲ့ သင်္ချာပုစ္ဆာရဲ့ PDF သို့မဟုတ် Website Link ကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ Microsoft Edge Browser Menu မှာရှိတဲ့ “More tools” ကနေတစ်ဆင့် “Math Solver” ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

Math Solver ကို ရွေးချယ်ပြီးရင်တော့ ပုံစံ ၂ မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ပထမဆုံးနည်းလမ်းကတော့ ဖွင့်ထားတဲ့ သင်္ချာပုစ္ဆာရဲ့ Website Link သို့မဟုတ် PDF ကနေ ဖြေရှင်းချင်တဲ့ Equation ကို ကွက်ပြီး Screenshot ရယူရမှာဖြစ်ပါတယ်။

အခုလိုမျိုး Screenshot ရိုက်ယူရွေးချယ်ပြီးရင်တော့ Microsoft Edge Math Solver ကနေ အလိုအလျောက်ဖြေရှင်းပေးမှာဖြစ်ပါတယ်။

ဒုတိယတစ်နည်းအနေနဲ့ကတော့ ကိုယ်ဖြေရှင်းချင်တဲ့ သင်္ချာပုစ္ဆာကို Manual နည်းလမ်းနဲ့ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

ဒီလိုမျိုး သင်္ချာပုစ္ဆာတွေကို ဖြေရှင်းပေးတဲ့အချိန်မှာ ပုစ္ဆာပေါ်မှုတည်ပြီးတော့ ဘယ်လိုမျိုး နည်းလမ်းနဲ့ ဖြေရှင်းနိုင်မလဲဆိုတာကိုပါ ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အလားတူပုစ္ဆာတွေအကြောင်း Video တွေ၊ တခြားသော Content တွေရှိနေရင်လည်း ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

Ref – Microsoft Tech Community