[Unicode]

၂၀၂၀ နှစ်ဦးမှာတော့ ကျွန်တော်တို့ MyTech Myanmar ကနေ Reviewer တစ်ယောက်အနေနဲ့မဟုတ်ဘဲ သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့ OPPO Reno2 F ကို ဘယ်လိုသုံးဖြစ်သလဲဆိုတဲ့အကြောင်းလေး မျှဝေချင်ပါတယ်။ အထူးသဖြင့် OPPO Reno2 F ဝယ်မယ့်သူတွေ၊ ဝယ်ထားပြီးသုံးနေကြသူတွေအတွက် အသုံးဝင်စေမယ့် Article လေး ဖြစ်ပါတယ်။

ဒီဇိုင်း

အရင်ဦးဆုံးပြောချင်တာက OPPO Reno2 F ကိုင်ထားပြီးမှ ကာဗာတွေဘာတွေ သုံးနေကြတဲ့သူတွေကို “No” ပါလို့။ မလိုဘူးဗျ။ အလူမီနီယံကိုယ်ထည်၊ ရှေ့ရောနောက်ရော Gorilla Glass 5 နဲ့ဆိုတော့ မာပြီးသား။ ဘာလို့ ကိုယ့်ဖုန်းလေးရဲ့အလှအပကို ဖုံးကွယ်ထားမှာလဲ။ ဆီလီကွန်ကာဗာတပ်လည်း ကိုင်ရတာ ထူပိန်းပိန်းဖြစ်သွားတယ်။

ကျောဘက်ကင်မရာတွေကို Body ထဲ မြှုပ်ပေးထားတော့ Camera Bump မရှိတဲ့အတွက် ဒီတိုင်းချထားလည်း ကင်မရာမပွန်းဘူး။ အေးဆေးပဲလေ။ ကျောဘက်ကိုယ်ထည်ရဲ့ ဒီဇိုင်းက မြင်လိုက်တာနဲ့ OPPO Reno2 F မှန်းသိသာစေအောင်လုပ်ထားတာ။ ပြီးတော့ Notch တွေ Punch-hole တွေမပါတဲ့ မျက်နှာပြင်ကို ကာဗာကြီးတပ်လိုက်ရင် Style “ပုပ်” သွားမှာပေါ့။

နေ့စဉ်သုံး

စမတ်ဖုန်းတစ်လုံးကို နေ့စဉ်သုံးမယ်ဆိုရင် ဘာတွေသုံးကြလဲ။ သီချင်းနားထောင်၊ ဗီဒီယိုကြည့်၊ ဂိမ်းဆော့၊ Facebook, Instagram, WeChat တို့လိုမျိုး ဆိုရှယ်မီဒီယာသုံးတာမျိုး အများဆုံးလုပ်ဖြစ်ကြမယ်ထင်တယ်။ ဒီအတွက် ဘက်ထရီအားကုန်တယ်ဆိုပြီး PowerBank ကြီးအလေးခံသယ်စရာမလိုဘူးနော်။ 4,000mAh ကိုစိတ်ကြိုက်သုံး၊ အားကုန်သွားရင် Zero to Hundred ကို တစ်နာရီကျော်ကျော်လေးနဲ့ အားသွင်းလို့ရတယ်။ 20W VOOC 3.0 Flash Charge လေ၊ သိတယ်မဟုတ်လား။

ဂိမ်းကစားရင် Lag တာတွေ၊ Drop ဖြစ်တာတွေ သိပ်မဖြစ်ပါဘူး။ နောက်ပြီး Multitasking အတွက် RAM 8GB နဲ့ Data တွေသိမ်းဖို့အတွက် Storage 128GB ပါတာကလည်း OPPO Reno2 F ရဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။

ကင်မရာ

သိတဲ့အတိုင်းပဲ OPPO Reno2 F က ကျောဘက်ကင်မရာ လေးလုံးနဲ့လေ။ 48MP + 8MP (119° Ultra Wide) + 2MP(Mono) + 2MP(Portrait) တွေက အကုန်လုံးလန်းပါတယ်။ စာရေးသူကတော့ အကုန်လျှောက်ကလိကြည့်တယ်။ OPPO Reno2 F လက်ထဲရောက်တာနဲ့ မြင်သမျှကို ရိုက်တော့တာပဲ။ (မျောက်လက်ထဲ စက်သေနတ်ထည့်လိုက်သလိုပေါ့)

OPPO Reno2 F က Selfie ပဲရိုက်ရိုက် ကျောဘက်ကင်မရာတွေပဲသုံးသုံး ပုံထွက်ကောင်းတယ်ဆိုပေမယ့် MP အပြည့်၊ Image Quality အပြည့်နဲ့ရိုက်ဖို့တော့ အကြံပေးချင်တယ်။ Main Camera က 48MP mode နဲ့ မရိုက်တာတောင် Detail ကောင်းတယ်ဆိုပေမယ့် လိုအပ်လာလို့ Crop ရတဲ့အခါ ကြည်လင်ပြတ်သားမှုတွေ မဆုံးရှုံးသွားအောင်လို့ MP အပြည့်နဲ့ပဲ ရိုက်တာက အကောင်းဆုံးပါ။

အဓိကအချက်က အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ဘယ် Mode နဲ့ရိုက်မယ်ဆိုတာ ရွေးတတ်ဖို့ပါ။ HDR ပိုင်းရိုက်မယ်ဆိုရင်တော့ Main ကင်မရာနဲ့ရော Ultra Wide နဲ့ပါ ကြိုက်တာနဲ့ရိုက် အဆင်ပြေပါတယ်။ ဒါပေမယ့် ပြင်ပအလင်းရောင်သိပ်မကောင်းတဲ့အခြေအနေမျိုးမှာတော့ Ultra Wide သုံးပြီးရိုက်တာက ကိုယ်ထင်သလောက် ပုံကောင်းထွက်လာမှာမဟုတ်ပါဘူး။

Portrait Bokeh mode ကလည်း ဒီလိုပါပဲ။ Lighting ကောင်းတဲ့အခြေအနေမှာဆိုရင် Main Subject နဲ့ Background Separated က သပ်ရပ်ပါတယ်။ ဒါကြောင့် အလင်းရောင်အားနည်းတဲ့အခြေအနေမျိုးမှာ တခြားနည်းလမ်းကို နည်းနည်းစဉ်းစားရပါမယ်။ ဒါပေမယ့် Low Light မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။

Aperture တွေကိုကြည့်မယ်ဆိုရင် အဓိကကင်မရာက f/1.79 အထိရတာကိုတွေ့ရပါတယ်။ ဒါကြောင့် အဓိကကင်မရာနဲ့ Night Mode ရိုက်ရင် ပြဿနာထွေထွေထူးထူးမရှိပါဘူး။ အထူးသဖြင့် Ultra Night Mode 2.0 နဲ့ ရိုက်ရင်အဆင်အပြေဆုံးပါပဲ။ Ultra Night Mode နဲ့ရိုက်တဲ့အခါ Multiple Image တွေကို Merge လုပ်လိုက်တာပါ။

Ultra Night Mode ရဲ့ ကောင်းတာတစ်ခုက 1/2.25-inch Sensor နဲ့ စောစောက ပြောသွားတဲ့ Aperture f/1.79 ပေါင်းစပ်တာရဲ့ ရလဒ်ပါ။ Multi-frame ကြောင့်လည်း Noise တွေလျော့သွားသလို AI Portrait ကလည်း Low light ကို အကောင်းဆုံးချိန်ညှိပေးပါတယ်။ ဒါကြောင့် ညမြင်ကွင်းရိုက်ချက်တွေက Detail လည်းရပြီး အလင်းရောင်နဲ့ အရောင်တွေအကောင်းဆုံးကို ထုတ်ယူနိုင်တာကိုတွေ့ရပါတယ်။

ဒီနေ့ခေတ်မှာ Ultra Wide Angle ရိုက်လို့မရတဲ့ စမတ်ဖုန်းဟာ ပေမီ၊ ဒေါက်မမီစမတ်ဖုန်းလို့ပြောရမလားပဲ။ OPPO Reno2 F မှာ Ultra Wide Angle Mode ပါတယ်လေ။ ဖုန်းပိုင်ရှင်လည်း အမြင်ကျယ်သလို၊ ဖုန်းကလည်း အမြင်ကျယ်တယ်လို့တောင် ကြွားလို့ရသေးတယ်။ Landscape တွေကိုရိုက်မယ်ဆိုရင် ထောင့်ကျယ်မှန်ဘီလူးအစွမ်းနဲ့ အားလုံးကို ဓါတ်ပုံတစ်ပုံထဲမှာပါနေအောင် ရိုက်နိုင်တာကတော့ အကျေနပ်ဆုံးပဲ။ မျက်တောင်ခတ်လိုက်ရင်တောင် ပျောက်သွားမှာစိုးရိမ်မိတဲ့ရှုခင်းမျိုး၊ အမြဲတမ်းအမှတ်ရနေချင်တဲ့ ရှုခင်းမျိုးကို ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ရိုက်ထားရတာမဟုတ်ဘဲ အပြင်မှာမြင်ရတဲ့အတိုင်း သိမ်းထားနိုင်တာကိုတော့ တကယ်ကျေနပ်တယ်။

AI Beauty Mode တို့ဘာတို့ဆိုရင်လည်း ရှောင်ကျဲကျဲတို့၊ ရှောင်မေ့မေ့တို့အကြိုက် ဖြစ်ပါလိမ့်မယ်။ Smart skin tone recognition က ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး ကိုယ့်အသားအရေကို၊ ကိုယ်လိုချင်တဲ့အတိုင်းညှိပေးတာပါ။ သူငယ်ချင်းတွေစုပြီးရိုက်ပေမယ့် တစ်ယောက်တည်းကွက်ပြီးညှိပေးတာမဟုတ်ဘူးနော်။ အနည်းဆုံးလေးယောက်လောက်တော့ ညှိပေးတယ်။

ဗီဒီယိုရိုက်တာကတော့ 4K မရတာ၊ ဘာညာဆိုပေမယ့် Stabilization နဲ့ပတ်သက်ပြီး လက်ခံနိုင်တဲ့အနေအထား တစ်ခုတော့ရှိပါတယ်။ တော်ရုံလက်မငြိမ်တာလောက်တော့ ပြန်ကြည့်ရင် ရုပ်ထွက်က အငြိမ်ပဲ။ Movie ထက် Still ကပိုကောင်းတယ်ဆိုတာတော့ ငြင်းမရပါဘူး။

ဘာပဲပြောပြော OPPO Reno2 F က Fashionable ဖြစ်တော့ လူငယ်တွေအနေနဲ့ ကိုင်ပျော်ပါတယ်။ ဘက်ထရီပိုင်းလည်း မနက်ကအားသွင်း၊ ညနေထိသုံးလို့ရတယ်။ ဓါတ်ပုံလည်း ကောင်းကောင်းရိုက်လို့ရတယ်။ ဒီ Article ကိုဖတ်မိတဲ့ OPPO Reno2 F ပိုင်ရှင်တွေအနေနဲ့လည်း ကိုယ့်အတွေ့အကြုံကို Comment မှာရေးပြီး မျှဝေသွားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံ မျှဝေကတော့ ဗဟုသုတလည်းပိုရ၊ ပိုပြီးလည်းပျော်စရာကောင်းတာပေါ့။ ဟုတ်တယ်ဟုတ်။

[Zawgyi]

၂၀၂၀ ႏွစ္ဦးမွာေတာ့ ကြၽန္ေတာ္တို႔ MyTech Myanmar ကေန Reviewer တစ္ေယာက္အေနနဲ႔မဟုတ္ဘဲ သာမန္အသုံးျပဳသူတစ္ေယာက္အေနနဲ႔ OPPO Reno2 F ကို ဘယ္လိုသုံးျဖစ္သလဲဆိုတဲ့အေၾကာင္းေလး မွ်ေဝခ်င္ပါတယ္။ အထူးသျဖင့္ OPPO Reno2 F ဝယ္မယ့္သူေတြ၊ ဝယ္ထားၿပီးသုံးေနၾကသူေတြအတြက္ အသုံးဝင္ေစမယ့္ Article ေလး ျဖစ္ပါတယ္။

ဒီဇိုင္း

အရင္ဦးဆုံးေျပာခ်င္တာက OPPO Reno2 F ကိုင္ထားၿပီးမွ ကာဗာေတြဘာေတြ သုံးေနၾကတဲ့သူေတြကို “No” ပါလို႔။ မလိုဘူးဗ်။ အလူမီနီယံကိုယ္ထည္၊ ေရွ႕ေရာေနာက္ေရာ Gorilla Glass 5 နဲ႔ဆိုေတာ့ မာၿပီးသား။ ဘာလို႔ ကိုယ့္ဖုန္းေလးရဲ႕အလွအပကို ဖုံးကြယ္ထားမွာလဲ။ ဆီလီကြန္ကာဗာတပ္လည္း ကိုင္ရတာ ထူပိန္းပိန္းျဖစ္သြားတယ္။

ေက်ာဘက္ကင္မရာေတြကို Body ထဲ ျမႇဳပ္ေပးထားေတာ့ Camera Bump မရွိတဲ့အတြက္ ဒီတိုင္းခ်ထားလည္း ကင္မရာမပြန္းဘူး။ ေအးေဆးပဲေလ။ ေက်ာဘက္ကိုယ္ထည္ရဲ႕ ဒီဇိုင္းက ျမင္လိုက္တာနဲ႔ OPPO Reno2 F မွန္းသိသာေစေအာင္လုပ္ထားတာ။ ၿပီးေတာ့ Notch ေတြ Punch-hole ေတြမပါတဲ့ မ်က္ႏွာျပင္ကို ကာဗာႀကီးတပ္လိုက္ရင္ Style “ပုပ္” သြားမွာေပါ့။

ေန႔စဥ္သုံး

စမတ္ဖုန္းတစ္လုံးကို ေန႔စဥ္သုံးမယ္ဆိုရင္ ဘာေတြသုံးၾကလဲ။ သီခ်င္းနားေထာင္၊ ဗီဒီယိုၾကည့္၊ ဂိမ္းေဆာ့၊ Facebook, Instagram, WeChat တို႔လိုမ်ိဳး ဆိုရွယ္မီဒီယာသုံးတာမ်ိဳး အမ်ားဆုံးလုပ္ျဖစ္ၾကမယ္ထင္တယ္။ ဒီအတြက္ ဘက္ထရီအားကုန္တယ္ဆိုၿပီး PowerBank ႀကီးအေလးခံသယ္စရာမလိုဘူးေနာ္။ 4,000mAh ကိုစိတ္ႀကိဳက္သုံး၊ အားကုန္သြားရင္ Zero to Hundred ကို တစ္နာရီေက်ာ္ေက်ာ္ေလးနဲ႔ အားသြင္းလို႔ရတယ္။ 20W VOOC 3.0 Flash Charge ေလ၊ သိတယ္မဟုတ္လား။

ဂိမ္းကစားရင္ Lag တာေတြ၊ Drop ျဖစ္တာေတြ သိပ္မျဖစ္ပါဘူး။ ေနာက္ၿပီး Multitasking အတြက္ RAM 8GB နဲ႔ Data ေတြသိမ္းဖို႔အတြက္ Storage 128GB ပါတာကလည္း OPPO Reno2 F ရဲ႕ အားသာခ်က္ေတြထဲက တစ္ခုပါပဲ။

ကင္မရာ

သိတဲ့အတိုင္းပဲ OPPO Reno2 F က ေက်ာဘက္ကင္မရာ ေလးလုံးနဲ႔ေလ။ 48MP + 8MP (119° Ultra Wide) + 2MP(Mono) + 2MP(Portrait) ေတြက အကုန္လုံးလန္းပါတယ္။ စာေရးသူကေတာ့ အကုန္ေလွ်ာက္ကလိၾကည့္တယ္။ OPPO Reno2 F လက္ထဲေရာက္တာနဲ႔ ျမင္သမွ်ကို ႐ိုက္ေတာ့တာပဲ။ (ေမ်ာက္လက္ထဲ စက္ေသနတ္ထည့္လိုက္သလိုေပါ့)

OPPO Reno2 F က Selfie ပဲ႐ိုက္႐ိုက္ ေက်ာဘက္ကင္မရာေတြပဲသုံးသုံး ပုံထြက္ေကာင္းတယ္ဆိုေပမယ့္ MP အျပည့္၊ Image Quality အျပည့္နဲ႔႐ိုက္ဖို႔ေတာ့ အႀကံေပးခ်င္တယ္။ Main Camera က 48MP mode နဲ႔ မ႐ိုက္တာေတာင္ Detail ေကာင္းတယ္ဆိုေပမယ့္ လိုအပ္လာလို႔ Crop ရတဲ့အခါ ၾကည္လင္ျပတ္သားမႈေတြ မဆုံးရႈံးသြားေအာင္လို႔ MP အျပည့္နဲ႔ပဲ ႐ိုက္တာက အေကာင္းဆုံးပါ။

အဓိကအခ်က္က အေျခအေနနဲ႔ အခ်ိန္အခါကိုလိုက္ၿပီး ဘယ္ Mode နဲ႔႐ိုက္မယ္ဆိုတာ ေ႐ြးတတ္ဖို႔ပါ။ HDR ပိုင္း႐ိုက္မယ္ဆိုရင္ေတာ့ Main ကင္မရာနဲ႔ေရာ Ultra Wide နဲ႔ပါ ႀကိဳက္တာနဲ႔႐ိုက္ အဆင္ေျပပါတယ္။ ဒါေပမယ့္ ျပင္ပအလင္းေရာင္သိပ္မေကာင္းတဲ့အေျခအေနမ်ိဳးမွာေတာ့ Ultra Wide သုံးၿပီး႐ိုက္တာက ကိုယ္ထင္သေလာက္ ပုံေကာင္းထြက္လာမွာမဟုတ္ပါဘူး။

Portrait Bokeh mode ကလည္း ဒီလိုပါပဲ။ Lighting ေကာင္းတဲ့အေျခအေနမွာဆိုရင္ Main Subject နဲ႔ Background Separated က သပ္ရပ္ပါတယ္။ ဒါေၾကာင့္ အလင္းေရာင္အားနည္းတဲ့အေျခအေနမ်ိဳးမွာ တျခားနည္းလမ္းကို နည္းနည္းစဥ္းစားရပါမယ္။ ဒါေပမယ့္ Low Light မေကာင္းဘူးလားဆိုေတာ့လည္း မဟုတ္ပါဘူး။

Aperture ေတြကိုၾကည့္မယ္ဆိုရင္ အဓိကကင္မရာက f/1.79 အထိရတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ အဓိကကင္မရာနဲ႔ Night Mode ႐ိုက္ရင္ ျပႆနာေထြေထြထူးထူးမရွိပါဘူး။ အထူးသျဖင့္ Ultra Night Mode 2.0 နဲ႔ ႐ိုက္ရင္အဆင္အေျပဆုံးပါပဲ။ Ultra Night Mode နဲ႔႐ိုက္တဲ့အခါ Multiple Image ေတြကို Merge လုပ္လိုက္တာပါ။

Ultra Night Mode ရဲ႕ ေကာင္းတာတစ္ခုက 1/2.25-inch Sensor နဲ႔ ေစာေစာက ေျပာသြားတဲ့ Aperture f/1.79 ေပါင္းစပ္တာရဲ႕ ရလဒ္ပါ။ Multi-frame ေၾကာင့္လည္း Noise ေတြေလ်ာ့သြားသလို AI Portrait ကလည္း Low light ကို အေကာင္းဆုံးခ်ိန္ညႇိေပးပါတယ္။ ဒါေၾကာင့္ ညျမင္ကြင္း႐ိုက္ခ်က္ေတြက Detail လည္းရၿပီး အလင္းေရာင္နဲ႔ အေရာင္ေတြအေကာင္းဆုံးကို ထုတ္ယူႏိုင္တာကိုေတြ႕ရပါတယ္။

ဒီေန႔ေခတ္မွာ Ultra Wide Angle ႐ိုက္လို႔မရတဲ့ စမတ္ဖုန္းဟာ ေပမီ၊ ေဒါက္မမီစမတ္ဖုန္းလို႔ေျပာရမလားပဲ။ OPPO Reno2 F မွာ Ultra Wide Angle Mode ပါတယ္ေလ။ ဖုန္းပိုင္ရွင္လည္း အျမင္က်ယ္သလို၊ ဖုန္းကလည္း အျမင္က်ယ္တယ္လို႔ေတာင္ ႂကြားလို႔ရေသးတယ္။ Landscape ေတြကို႐ိုက္မယ္ဆိုရင္ ေထာင့္က်ယ္မွန္ဘီလူးအစြမ္းနဲ႔ အားလုံးကို ဓါတ္ပုံတစ္ပုံထဲမွာပါေနေအာင္ ႐ိုက္ႏိုင္တာကေတာ့ အေက်နပ္ဆုံးပဲ။ မ်က္ေတာင္ခတ္လိုက္ရင္ေတာင္ ေပ်ာက္သြားမွာစိုးရိမ္မိတဲ့ရႈခင္းမ်ိဳး၊ အၿမဲတမ္းအမွတ္ရေနခ်င္တဲ့ ရႈခင္းမ်ိဳးကို ဟိုတစ္ကြက္၊ ဒီတစ္ကြက္နဲ႔ ႐ိုက္ထားရတာမဟုတ္ဘဲ အျပင္မွာျမင္ရတဲ့အတိုင္း သိမ္းထားႏိုင္တာကိုေတာ့ တကယ္ေက်နပ္တယ္။

AI Beauty Mode တို႔ဘာတို႔ဆိုရင္လည္း ေရွာင္က်ဲက်ဲတို႔၊ ေရွာင္ေမ့ေမ့တို႔အႀကိဳက္ ျဖစ္ပါလိမ့္မယ္။ Smart skin tone recognition က ပတ္ဝန္းက်င္အေျခအေနေပၚမူတည္ၿပီး ကိုယ့္အသားအေရကို၊ ကိုယ္လိုခ်င္တဲ့အတိုင္းညႇိေပးတာပါ။ သူငယ္ခ်င္းေတြစုၿပီး႐ိုက္ေပမယ့္ တစ္ေယာက္တည္းကြက္ၿပီးညႇိေပးတာမဟုတ္ဘူးေနာ္။ အနည္းဆုံးေလးေယာက္ေလာက္ေတာ့ ညႇိေပးတယ္။

ဗီဒီယို႐ိုက္တာကေတာ့ 4K မရတာ၊ ဘာညာဆိုေပမယ့္ Stabilization နဲ႔ပတ္သက္ၿပီး လက္ခံႏိုင္တဲ့အေနအထား တစ္ခုေတာ့ရွိပါတယ္။ ေတာ္႐ုံလက္မၿငိမ္တာေလာက္ေတာ့ ျပန္ၾကည့္ရင္ ႐ုပ္ထြက္က အၿငိမ္ပဲ။ Movie ထက္ Still ကပိုေကာင္းတယ္ဆိုတာေတာ့ ျငင္းမရပါဘူး။

ဘာပဲေျပာေျပာ OPPO Reno2 F က Fashionable ျဖစ္ေတာ့ လူငယ္ေတြအေနနဲ႔ ကိုင္ေပ်ာ္ပါတယ္။ ဘက္ထရီပိုင္းလည္း မနက္ကအားသြင္း၊ ညေနထိသုံးလို႔ရတယ္။ ဓါတ္ပုံလည္း ေကာင္းေကာင္း႐ိုက္လို႔ရတယ္။ ဒီ Article ကိုဖတ္မိတဲ့ OPPO Reno2 F ပိုင္ရွင္ေတြအေနနဲ႔လည္း ကိုယ့္အေတြ႕အႀကဳံကို Comment မွာေရးၿပီး မွ်ေဝသြားဖို႔ ဖိတ္ေခၚခ်င္ပါတယ္။ သူ႔အေတြ႕အႀကဳံ၊ ကိုယ့္အေတြ႕အႀကဳံ မွ်ေဝကေတာ့ ဗဟုသုတလည္းပိုရ၊ ပိုၿပီးလည္းေပ်ာ္စရာေကာင္းတာေပါ့။ ဟုတ္တယ္ဟုတ္။