Google Maps ဟာ လက်ရှိအချိန်မှာ Navigation နဲ့ Maps Software တွေထဲမှာ လူသုံးအများဆုံးနဲ့ အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Google Maps ဟာ သာမန် မြေပုံကြည့်ရုံနဲ့ Navigation ပြုလုပ်ဖို့တင်မဟုတ်ဘဲ တခြားအသုံးဝင်တဲ့ Feature တွေလည်း အများအပြားပါဝင်နေပါသေးတယ်။

အခု Article မှာတော့ Google Maps ကို သုံးပြီး ကိုယ် ဘယ်အချိန်တုန်းက ဘယ်နေရာတွေကို သွားလာခဲ့သလဲဆိုတာကို ပြန်လည်ကြည့်ရှုနိုင်မယ့် Feature အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ Google Maps Your Timeline Feature ပဲဖြစ်ပါတယ်။

အခု Google Maps Timeline Feature ကို အသုံးပြုဖို့အတွက်ကတော့ ကိုယ့်ဆီမှာ Google Maps ထည့်သွင်းထားတဲ့ စမတ်ဖုန်းတစ်လုံးရှိဖို့ လိုအပ်မှာဖြစ်ပြီး Google Mobile Services ပါဝင်တဲ့ Android ဖုန်းဆိုရင်တော့ ပိုပြီးကောင်းကောင်း အလုပ်လုပ်မှာဖြစ်ပါတယ်။ Internet ဖွင့်ထားဖို့ လိုအပ်သလို Laptop Computer တွေနဲ့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

အရင်ဆုံး ကိုယ့်ဖုန်းမှာ ရှိတဲ့ Google Maps ကို ဖွင့်ပြီး ညာဘက် အပေါ်ထောင့်မှာရှိတဲ့ Profile Icon ကို နှိပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Menu ပေါ်လာမှာဖြစ်ပြီး Your Timeline ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Your Timeline Feature ဟာ ကိုယ့်ဖုန်းမှာ အလိုအလျောက် Enabled ပြုလုပ်ထားပြီးဖြစ်ပါတယ်။ တကယ်လို့ Location History ပိတ်ထားပြီး အခုမှအသုံးပြုချင်တယ်ဆိုရင်တော့ ပြန်ပြီး Enable ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြီးရင်တော့ Calendar View အနေနဲ့ပါ ရက်စွဲအလိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး အဆိုပါနေ့တုန်းက ဘယ်တွေကို သွားလာခဲ့သလဲဆိုတာကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ သွားလာတဲ့ ပုံစံပေါ်မှုတည်ပြီး လမ်းလျှောက်တာလား၊ ကားစီးတာလားကိုပါ ဖော်ပြပေးနိုင်သလို ဝင်ရောက်ခဲ့တဲ့ နေရာတွေရဲ့ နာမည်နဲ့ အဆိုပါ နေရာတွေမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေကိုပါ တခါတည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Google Maps ရဲ့ Your Timeline Feature ဟာ အလွန်အသုံးဝင်ပြီး ကိုယ်ဘယ်အချိန်မှာ ဘယ်တွေသွားလာခဲ့သလဲဆိုတာကို ပြန်ကြည့်ချင်သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ Web Browser ကနေလည်း “maps.google.com” ကို ကိုယ့် Google Account နဲ့ ဝင်ရောက်ပြီး ကြည့်ရှုနိုင်တာကြောင့် အသုံးပြုဖို့အတွက် စမတ်ဖုန်းလိုအပ်တယ်ဆိုပေမယ့် ကွန်ပျူတာကနေလည်း ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Ref – Android Central