HP ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက 11-inch Tablet ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ HP ကနေ အဆိုပါ 11-inch Tablet ကို တရားဝင်ရောင်းချနေပြီဖြစ်ပြီး စျေးနှုန်းအနေနဲ့ $499 ပဲရှိမှာဖြစ်ပါတယ်။

အဆိုပါ HP 11-inch Tablet ဟာ Processor အနေနဲ့ Intel Pentium Silver N6000 ကို အသုံးပြုထားပြီး 4GB RAM နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Intel Pentium Silver N6000 Processor ဟာ 6W TDP ရှိတဲ့ Quad Core Processor အမျိုးအစားဖြစ်ပြီး 3.3GHz CPU Boost Clock Speed နဲ့ Jasper Lake 32 EU Intel UHD Graphic တွေပါဝင်မှာဖြစ်ပါတယ်။

Software အနေနဲ့ကတော့ Windows 11 ကိုမှ S Mode နဲ့အသုံးပြုရမှာဖြစ်တဲ့အတွက် ပုံမှန် ကျောင်းသုံးနဲ့ Web Browsing တွေအတွက် လုံလောက်တဲ့စွမ်းဆောင်ရည်ရှိနေမှာပါ။ Charging နဲ့တခြားသော ချိတ်ဆက်မှုတွေအတွက် USB-C Port ပါဝင်သလို Power Button မှာလည်း Fingerprint Sensor ကို ထည့်သွင်းပေးထားပါတယ်။

HP 11-inch Tablet ကို Best Buy မှာ Tablet သီးသန့်ကို $499 (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး တကယ်လို့ Keyboard Accessory ကိုပါ ထည့်သွင်းဝယ်ယူမယ်ဆိုရင် $599 (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ HP ဟာ Keyboard ကို သီးသန့်ရောင်းချခြင်းမရှိသေးတာကြောင့် Laptop လိုမျိုး အသုံးပြုချင်တယ်ဆိုရင်တော့ Keyboard ပါဝင်တဲ့ Version ကို ဝယ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – Gizmo China