လက်ရှိအချိန်မှာ Windows OS ကို အသုံးပြုထားတဲ့ Tablet တွေကို အဓိကအနေနဲ့ Microsoft ကနေပဲ Surface Series အနေနဲ့ မိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ HP ကနေ Microsoft Surface Go ကို ယှဥ်ပြိုင်နိုင်မယ့် 11-inch Windows Tablet ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

HP ရဲ့ Windows Tablet အသစ်ဟာ 11″ အရွယ်အစားရှိတဲ့ QHD (2160×1440) IPS Display ကို အသုံးပြုပေးထားပြီးတော့ Touch Screen အမျိုးအစားဖြစ်ပါတယ်။ အဓိကအနေနဲ့ ထူးခြားနေတဲ့အချက်ကတော့ နောက်ကျောဘက်မှာပါဝင်တဲ့ 13MP Back Camera ကို Flip Camera အနေနဲ့ Selfie Camera အဖြစ်ပါ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ ဒါက စမတ်ဖုန်းတွေထဲမှာ အသုံးပြုမှုများပြားပေမယ့် Windows Tablet တွေထဲမှာတော့ ပထမဆုံးလို့တောင် ပြောနိုင်ပါတယ်။

Specification တွေအနေနဲ့ကတော့ Intel Pentium Silver N6000 Processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ 128GB NVMe SSD Storage တွေပါဝင်မှာဖြစ်ပါတယ်။ Windows 11 နဲ့ ပွဲထွက်လာတာဖြစ်ပေမယ့် Lightweight ဖြစ်တဲ့ S Mode နဲ့ပဲ အသုံးပြုရမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေကတော့ Keyboard Support ၊ HP ရဲ့ Tilt Pen Support အပြင် MicroSD Slot ၊ Fingerprint Sensor နဲ့ USB C Port တွေပါဝင်မှာဖြစ်ပါတယ်။ Keyboard နဲ့ ချိတ်ဆက်မယ်ဆိုရင် Landscape တင်မဟုတ်ဘဲ Portrait Mode မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

HP ရဲ့ ပြောကြားချက်အရတော့ ယခု 11-inch Windows Tablet ကို လာမယ့် ဒီဇင်ဘာလမှာ ရောင်းချသွားမှာဖြစ်ပြီး Tablet သီးသန့်ကို $499 နဲ့ Keyboard အပါအဝင်ကို $599 နဲ့ရောင်းချသွားမှာပါ။

Ref – The Verge