Huawei P40/ Pro Series မှာ Huawei ကိုယ်တိုင် ဖန်တီးထားတဲ့ WiFi 6+ နည်းပညာပါလာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (ဒီနေ့) မှာ Huawei က Terminal Product and Strategy Online Conference ကို ကျင်းပမှာ ဖြစ်ပြီး WiFi 6+ နည်းပညာ ပါတဲ့ Router ထုတ်ကုန် အသစ်ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ ထုတ်ကုန်ရဲ့ နာမည်က Huawei 5G CPE Pro 2 Router ဖြစ်ပါတယ်။

Huawei 5G CPE Pro 2 Router မှာ အလန်းစား စွမ်းရည်တွေ ပါလာပါတယ်။ 200MHz Bandwidth အထိ ထောက်ပံ့ပြီး Download Speed က 3.6Gbps အထိ ရမှာပါ။ ပထမဆုံး 5G Uplink Art Super Huawei Terminal ဖြစ်ပြီး Peak WiFi 6+ Chip ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး WiFi 6 ထုတ်ကုန် ဖြစ်လာမှာပါ။ Narrow Bandwidth Dynamic နည်းပညာက ၃၀ ရာခိုင်နှုန်း ပိုမို လိုင်းမိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။  စွမ်းရည်မြင့် ဂိမ်းတွေကို တုန့်ဆိုင်းမှု မရှိဘဲ ကစားနိုင်မယ့် Game Turbo Dual Channel Mobile Games Acceleration နည်းပညာ ထည့်သွင်းထားပါတယ်။

လက်ရှိမှာ IEEE 802.11 Series Standards ဟာ ဆဌမမျိုးဆက်ကို ရောက်လာပါပြီ။ နောက်ဆုံးထုတ် WiFi 6 စံနှုန်းဟာ အမြင့်ဆုံး အနေနဲ့ 9.6Gbps ကို ပံ့ပိုးပေးပြီး ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ WiFi 5 ထက် ၂.၇ ဆ ပိုမြန်ပါတယ်။ ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ WiFi 4 ထက် ၁၆ ဆတောင် ပိုလန်းလာတာပါ။ Huawei Mall Customer Service အရ Huawei WiFi 6+ ဟာ အမြင့်ဆုံး အနေနဲ့ 2976Mbps အထိ ပံ့ပိုးပေးတယ်လို့ သိရပါတယ်။

Ref : gizchina