Huawei ကုမ္ပဏီဟာ သူတို့ရဲ့ Enjoy စီးရီးအတွက် အဖွဲ့ဝင်သစ် Enjoy Z 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်လာဖို့ ရှိနေပါတယ်။ ဒီဖုန်းကို Huawei ရဲ့ အွန်လိုင်းစတိုးမှာ Tease လုပ်ထားပြီး မိတ်ဆက်ရက်ကို မေလ ၂၄ လို့ သတ်မှတ်ထားပါတယ်။

သူတို့ရဲ့ ပိုစတာထဲမှာ Enjoy Z 5G ဖုန်းရဲ့ဘေးဘက်ဒီဇိုင်းကို ပြထားပြီး Curved နောက်ကျောဒီဇိုင်းကို တွေ့ရပေမယ့် တခြား Specs တွေတော့ မပါဝင်ပါဘူး။

Enjoy စီးရီးအဖွဲ့ဝင်ဖြစ်တာကြောင့် ဒီဟန်းဆက်ဟာ ဘတ်ဂျက်တန်းဝင်ဖြစ်မယ်လို့ ယူဆရပြီး ထွက်ရှိလာချိန်မှာ ဈေးကွက်ထဲမှာ ဈေးအချိုဆုံး 5G စမတ်ဖုန်းဖြစ်လာနိုင်ခြေရှိပါတယ်။ သတင်းတွေကတော့ Enjoy Z 5G ဖုန်းမှာ MediaTek 800 ချစ်ပ်ဆက်တစ်ခု အသုံးပြုလာမယ်လို့ဆိုထားပါတယ်။

Huawei ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကလည်း သူတို့ကိုယ်ပိုင်ဘတ်ဂျက် 5G ဖုန်းအဖြစ် X10 5G ကို Kirin 820 5G ချစ်ပ်ဆက်နဲ့ထုတ်လာဖို့ ရှိပါသေးတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာ စတင်မယ့် 5G ဘတ်ဂျက်ဖုန်းတွေရဲ့ သတင်းကို ဆက်ပြီးနားစွင့်ထားရမှာပါပဲ။

Ref – GSMArena