ထိပ်တန်းအိမ်သုံးကွန်ရက် အတွေ့အကြုံများ ပေးရုံသာမက မိုဘိုင်းအော်ပရေတာများကိုလည်း Fixed network များ အလွယ်တကူ တပ်ဆင်နိုင်စေသည့် ဆန်းသစ်တီထွင်မှုကြောင့် Huawei AirPON က Broadband World Forum 2020 (BBWF 2020) တွင် အကောင်းဆုံး Fixed Access Solution ဆုကို ရရှိခဲ့ပါသည်။ ယခင်က Huawei SingleFAN Pro solution ဖြင့် ဆုရရှိခဲ့ပြီး Huawei အနေဖြင့် ဤအောင်မြင်မှုကို နှစ်နှစ်ဆက်တိုက်ရရှိခြင်းလည်းဖြစ်သည်။ ယင်းကဲ့သို့ သက်ဆိုင်ရာနယ်ပယ်မှ အစဉ်တစိုက် အသိအမှတ်ပြုခံရခြင်းက full-fiber broadband ကဏ္ဍတွင် Huawei ၏ အဆက်မပြတ် တီထွင်ဆန်းသစ်နေမှုနှင့် ဦးဆောင်နေမှုကို အခိုင်အမာ သက်သေထူလျက် ရှိသည်။

BBWF အခမ်းအနားကို ၁၉နှစ်မြောက်အဖြစ် ကျင်းပသည့် ယခုနှစ်တွင် ပထမဆုံးအကြိမ်အနေဖြင့် ယင်းကို အွန်လိုင်းတွင်သာ ကျင်းပသော်လည်း fixed network နယ်ပယ်တွင် ထိပ်တန်းဖြစ်သည့် နှစ်စဉ် အခမ်းအနားတစ်ရပ်အဖြစ် နေရာယူဆဲပင် ဖြစ်သည်။ BBWF မှ ချီးမြင့်သည့် အရေးအကြီးဆုံး ဆုဖြစ်သော အကောင်းဆုံး Fixed Access Solution ဆုက fixed access လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးပြီး ကိုယ်တိုင်အသုံးပြုသူ (end user)များ၏ အတွေ့အကြုံကို သိသာစွာ ပိုမိုကောင်းမွန်စေသည့် solution များကို အသိအမှတ်ပြုပေးသည်။

ဖေဖော်ဝါရီ ၂၀၂၀ တွင် fixed-mobile ပေါင်းစပ်မှု၊ fiber ကွန်ရက် ဆောက်လုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင်မှုများဆိုင်ရာ စီးပွားရေး လမ်းကြောင်းသစ်များကို အသေးစိတ် သုံးသပ်ပြီး Huawei က AirPON solution ကို လန်ဒန်တွင် မိတ်ဆက်ခဲ့သည်။ ယင်း solution က Site Acquisition ပြုလုပ်ရန် မလိုအပ်ခြင်း၊ Fiber-splicing ပြုလုပ်ရန် မလိုအပ်ခြင်း၊ Time freezing မရှိခြင်း ဟူသည့် ဆန်းသစ်တီထွင်မှုကို ပေးသည်။ Fixed network နယ်ပယ်တွင် ပထမဆုံး AI ပါရှိသည့် အိမ်သုံး ONT စီးရီးထုတ်ကုန်များက အသိဉာဏ်မြင့်စနစ်ကို သုံး၍ ဝန်ဆောင်မှုများကို အွန်လိုင်းဂိမ်း၊ ပညာရေးနှင့် တယ်လီကွန်းညီလာခံများ စသည်ဖြင့် အမျိုးအစားခွဲခြားပေးနိုင်သည်။ အသိဉာဏ်မြင့် မြန်နှုန်းမြှင့်အင်ဂျင်များက အထူးဝန်ဆောင်မှုများအတွက် ဒေတာအကူးအပြောင်းကြာချိန်ကို ၅၀% အထက် လျှော့ချပေးရာ အော်ပရေတာများအနေဖြင့် ဝန်ဆောင်မှုအရှိန်မြှင့်တင်ခြင်းအတွက် တန်ဖိုးများ ပိုမို ပေါင်းစပ်ပံ့ပိုးထားသည့် (value-added) ဝန်ဆောင်မှု package များကိုပါ မိတ်ဆက်လာနိုင်သည်။ ထို့ကြောင့် အော်ပရေတာများ ရင်ဆိုင်ရသည့် အဓိက စိန်ခေါ်မှုများ ဖြစ်သော အကျိုးအမြတ်စတင်ရရှိရန် အချိန်ကြာခြင်း၊ ဖိုင်ဘာကွန်ရက် ဆောက်လုပ်မှုနှေးကွေးခြင်းနှင့် သုံးစွဲသူ အတွေ့အကြုံ မတည်ငြိမ်ခြင်း စသည်တို့ကို ပြေလည်စေသည်။

Huawei Access Network Product Line ဌာန ဥက္ကဌ Jeffrey Zhou က “ Fixed-mobile ပေါင်းစပ်မှုဟာ လုပ်ငန်းနယ်ပယ်ထဲမှာ အခြေခံတူညီမှုတစ်ရပ် ဖြစ်လာပြီး ဖိုင်ဘာဟာလည်း အရေးအကြီးဆုံး အခြေခံအဆောက်အအုံတစ်ခု ဖြစ်လာပါပြီ။ Huawei ရဲ့ AirPON solution ဟာ အော်ပရေတာတွေကို အကုန်အကျသက်သာစွာနဲ့ ထိရောက်တဲ့ ဖိုင်ဘာကွန်ရက်တွေ ဆောက်လုပ်ဖို့ အကူအညီပေးမှာ ဖြစ်ပြီး အကောင်းဆုံး FTTH Broadband အတွေ့အကြုံကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ အခုလို BBWF မှာ အကောင်းဆုံး Fixed Access Solution ဆုကို ရရှိတာဟာ အထူးဂုဏ်ယူစရာတစ်ရပ်လည်း ဖြစ်ပါတယ်။ Huawei အနေနဲ့ ပိုပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပူးပေါင်းဆန်းသစ်တီထွင်မှုတွေ ပြုလုပ်သွားပြီး ကမ္ဘာ့အော်ပရေတာတွေကို ပိုမိုကြီးမားများပြားတဲ့ လုပ်ငန်းအောင်မြင်မှုတွေ ရရှိအောင် ဆက်လက်ကူညီဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

စတင်မိတ်ဆက်ချိန်မှ ၆ လအကြာသာ ရှိသေးသော်လည်း ယခုအခါတွင် Huawei AirPON solution ကို Fixed network နယ်ပယ်တွင် ကျယ်ပြန့်စွာ အသိအမှတ်ပြုလက်ခံထားကြပြီး ကမ္ဘာ့အော်ပရေတာလုပ်ငန်း ၄၅ခု ကျော်တို့က အိမ်ပေါင်း ၁ သန်းကျော်တွင် အသုံးပြုလျက် ရှိကြသည်။ အနာဂတ်တွင် Huawei က လုပ်ငန်းမိတ်ဖက်များနှင့် ဆက်လက်၍ လက်တွဲလုပ်ဆောင်ပြီး အကြားအလပ်မရှိသည့် ဖိုင်ဘာ ဆက်သွယ်မှုများ တည်ဆောက်ရာတွင် ပါဝင်ကူညီကာ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့် ကမ္ဘာကြီးတည်ဆောက်မှုကို အရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်သည်။

Source – HUAWEI