Huawei ကနေ ပြီးခဲ့တဲ့မေလလယ်တုန်းက Google Search ကို ကိုယ်ပိုင် Search Engine တစ်ခုနဲ့ အစားထိုးသွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Huawei ရဲ့ Petal Search လို့နာမည်ပေးထားတဲ့ Search Feature အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Petal Search ကို Huawei စမတ်ဖုန်းတွေရဲ့ App Gallery ကနေ Download ပြုလုပ်ရမှာဖြစ်ပြီး ပုံမှန် Information တွေအပြင် သတင်းတွေ၊ မိုးလေဝသခန့်မှန်းချက်တွေ၊ Video တွေ၊ သီချင်းတွေနဲ့ တခြားသော Service တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Huawei ရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ ယခု Petal Search ကနေ အသုံးပြုနိုင်မယ့် Service တွေကို ထပ်မံတိုးချဲ့သွားဦးမယ်လို့ သိရပါတယ်။

Huawei ဟာ ယခု Petal Search ကို စမ်းသပ်နေခဲ့တာနှစ်နဲ့ချီရှီနေပြီလို့သိရပြီးတော့ အစောပိုင်းတုန်းက Huawei Search ဆိုတဲ့နာမည်နဲ့ စမ်းသပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်ကြတော့မှ Petal Search လို့ နာမည်ပြောင်းလဲပြီး Download ပြုလုပ်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Petal Search Feature ကို နိုင်ငံတိုင်းမှာအသုံးပြုနိုင်ဦးမှာမဟုတ်သေးဘဲ တစ်ချို့သောနိုင်ငံတွေမှာဆိုရင် အသုံးပြုနိုင်ပေမယ့်လည်း Function တွေကို Limit ပြုလုပ်ခံထားရမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ လက်ရှိအကောင်းဆုံးနဲ့ လူသုံးအများဆုံးဖြစ်နေတဲ့ Google Search ကို မှီဖို့ကတော့ တော်တော်လေးကို ကြိုးစားရဦးမှာပါ။

Ref – Giz China