Huawei ကနေ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ Flagship ဖုန်းတွေဖြစ်တဲ့ Mate 40 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Evan Blass ကနေ Huawei Mate 40 ဖုန်းရဲ့ CAD Render ဓါတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။
အဆိုပါ Huawei Mate 40 စမတ်ဖုန်းဟာ Huawei Mate 40 Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာမှာဖြစ်သလို Mate 40 Pro , Mate 40 Pro+ ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Camera ပိုင်းအနေနဲ့ Mate 40 ဖုန်းမှာ Circular Design ကို အသုံးပြုထားပေမယ့် Triple Camera Setup ကိုပဲ အသုံးပြုထားတာကို တွေ့ရပါတယ်။
ဖြစ်နိုင်တာကတော့ Apple ကနေ iPhone 12 Pro ဖုန်းတွေမှာ AR Sensor တွေဖြစ်တဲ့ LiDAR Sensor ကိုထည့်သွင်းသွားဖို့ရှိသလိုပဲ Huawei Mate 40 Series ဖုန်းတွေမှာလည်း အလားတူ AR Sensor ကိုပါ ထည့်သွင်းလာနိုင်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Huawei ကနေ HMS အတွက် AR Kit ကိုထုတ်ပေးခဲ့တဲ့အတွက် ဒီလိုမျိုး Mate 40 Series မှာပါ AR ပိုင်းကို အာရုံစိုက်လာနိုင်တာဖြစ်ပါတယ်။
Display အနေနဲ့ကတော့ Screen Size က 6.4″ ဝန်းကျင်ရှိမယ်လို့ သိရပြီးတေ့ာ Waterfall Display ပုံစံမျိုး Curved ပြုလုပ်ထားတာတော့မဟုတ်ပေမယ့် ဘေးဘက်တွေကို အနည်းငယ် Curved ထားတယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့လည်း Notch အစား Dual Punch-hole Design ကိုပဲ အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Mate 40 ဖုန်းရဲ့ Render ဓါတ်ပုံတွေထွက်ရှိလာပြီဖြစ်တဲ့အတွက် မကြာခင်မှာ Mate 40 Pro ဖုန်းအတွက် Render ဓါတ်ပုံတွေပါထွက်ပေါ်လာနိုင်ပါတယ်။
Ref – GSM Arena