Huawei ကနေ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ Flagship Series ဖုန်းတွေဖြစ်တဲ့ Huawei Mate 40 Series ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Huawei ရဲ့ Flagship ဖုန်းတွေဟာ Camera ပိုင်းမှာ နာမည်ကြီးသလို အခုလည်း Mate 40 Series ဖုန်းတွေရဲ့ Camera Setup နဲ့ ပတ်သက်ပြီး သတင်းတစ်ခုထွက်ရှိလာပြန်ပါပြီ။

ဒါကတော့ Huawei Mate 40 Series ဖုန်းတွေဟာ Primary Sensor အနေနဲ့ 108MP Sensor ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာ တခြားသော Flagship ဖုန်းတွေကလည်း 108MP Sensor ကို အသုံးပြုနေကြပေမယ့် Huawei က Mate 40 Series ဖုန်းတွေမှာ အနည်းငယ်ကွာခြားတဲ့ 108MP Sensor ကို အသုံးပြုလာမှာပါ။

ဘယ်လိုမျိုးကွာခြားသွားမလဲဆိုရင် Huawei Mate 40 Series ဖုန်းတွေရဲ့ 108MP Camera Sensor မှာပါဝင်တဲ့ Lens ကို 9P Lens အသုံးပြုထားမှာဖြစ်ပြီး Free-form Lens နည်းပညာကိုပါ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ယခုလိုမျိုး Lens ကို အဆင့်မြှင့်တင်လိုက်တာက ဓါတ်ပုံတွေ Distort ဖြစ်တာကိုလျော့ချနိုင်မယ့်အပြင် Image Quality ကိုလည်း အကောင်းဆုံးအနေနဲ့ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ရဲ့ Flagship ဖုန်းတွေက Camera ပိုင်းမှာ အကောင်းဆုံးဆိုတဲ့နေရာကို ရယူထားတဲ့အတွက် အခုလိုမျိုး ပိုကောင်းတဲ့နည်းပညာနဲ့ 108MP Primary Sensor ပါဝင်လာဦးမယ်ဆိုရင် ဒီနှစ်အတွက် Camera ပိုင်းအကောင်းဆုံးဖုန်းတွေဖြစ်လာဦးမှာပါ။

Ref – GSM Arena