Huawei ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက US အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ထပ်မံခံခဲ့ရပြီးတော့ Huawei ရဲ့ အဓိက Chip Supplier ဖြစ်တဲ့ TSMC ကနေလည်း Huawei ကို Chip တွေထောက်ပံ့ပေးမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ့် Huawei Mate 40 Series ဖုန်းတွေထုတ်လုပ်မှုကလည်း နှောင့်နှေးသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိထားတဲ့သတင်းတွေအရ Huawei Mate 40 Series ဖုန်းတွေဟာ ပုံမှန် Schedule အတိုင်းပဲ လာမယ့်အောက်တိုဘာလမှာပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Huawei အနေနဲ့ လောလောဆယ်မှာ အခက်အခဲဖြစ်နေပေမယ့် မိတ်ဆက်မယ့်အချိန်မတိုင်ခင်မှာတော့ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်သွားမယ့် ပုံစံပါပဲ။

Huawei Mate 40 Series စမတ်ဖုန်းတွေဟာ 5nm Architecture ကိုအသုံးပြုထားမယ့် Kirin 1000 Chipset ကိုအသုံးပြုထားပြီးတော့ iPhone 12 Series ဖုန်းတွေသာ အောက်တိုဘာလနောက်ပိုင်းမှ မိတ်ဆက်လာမယ်ဆိုရင် Huawei Mate 40 Series ဖုန်းတွေက ဒီနှစ်အတွက်ပထမဆုံး 5nm Chipset ကိုအသုံးပြုလာမယ့်ဖုန်းတွေဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Huawei ဟာ ယခုနှစ် စတုတ္တ ၃ လပတ်မှာတင် Mate 40 Series အလုံးရေ ၈ သန်းခန့်ရောင်းချဖို့အတွက် ခန့်မှန်းထားတဲ့အတွက် ဝယ်ယူသူတွေကို ဘယ်လိုမျိုးဆွဲဆောင်နိုင်မယ့် ပြောင်းလဲမှုအသစ်တွေပါလာမလဲဆိုတာက စိတ်ဝင်စားစရာပိုကောင်းနေပါတယ်။

Ref – Gizmo China