တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်မှာ HUAWEI ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုနဲ့အတူ သူ့ရဲ့အိပ်မက်တွေကို စွန့်လွှတ်လိုက်ရပါတယ်။ ကြီးမားတဲ့နည်းပညာကုမ္ပဏီကြီးဖြစ်တာကြောင့် ပြာပုံထဲကနေ ပြန်ထလာနိုင်တယ်ဆိုပေမဲ့ အခုအချိန်အထိတော့ ကမ္ဘာအနှံ့ကသုံးစွဲသူတွေရဲ့ စိတ်အာရုံကို မဖမ်းစားနိုင်သေးတာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလအစောပိုင်းတုန်းက တရုတ်ပြည်တွင်းဈေးကွက်မှာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်တဲ့ HUAWEI Mate 50 Pro ဟာ အခုအချိန်မှာတော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ပေါ်လာဖို့ မျှော်လင့်ထားခဲ့ရတဲ့ ဒီဖုန်းဟာ အခုမှထွက်လာတယ်ဆိုပေမဲ့ Specs ကောင်းကောင်းတွေတော့ ပါဝင်လာခဲ့ပါတယ်။

HUAWEI Mate 50 Pro ဟာ Qualcomm Snapdragon 8+ Gen 1 SoC အသုံးပြုထားပေမဲ့ ကံမကောင်းစွာနဲ့ပဲ 5G ချိတ်ဆက်မှုကို ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Storage ကတော့ 512GB ဖြစ်ပြီး 8GB of RAM ထောက်ပံ့ပေးထားပါတယ်။ 6.74-inch OLED မျက်နှာပြင်နဲ့ ဒီဖုန်းဟာ Gorilla Glass အသုံးပြုထားတာမဟုတ်ဘဲ Kumlum protective glass ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ကျောဘက်မှာ 50MP အဓိကကင်မရာတပ်ဆင်ထားပြီး Leica imaging နေရာမှာ XMAGE imaging technology ကို အစားထိုး အသုံးပြုထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ကင်မရာတွေကတော့ 64MP periscope camera နဲ့ 13MP ultrawide shotter တွေပဲ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာ Satellite connectivity ကို ယူဆောင်လာပေမဲ့လည်း နိုင်ငံတကာဗားရှင်းမှာတော့ ရရှိမှာ မဟုတ်ပါဘူး။

HUAWEI Mate 50 Pro နိုင်ငံတကာဗားရှင်းမှာ Android ဗားရှင်းဟောင်းကို အခြေခံထားတယ်လို့ ယူဆရတဲ့ EMUI 13 ကို ရရှိမှာဖြစ်ပေမဲ့ Google Services တွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် HUAWEI Mate 50 Pro ဟာ 5G နဲ့ Google Services မရရှိတဲ့ Flagship ဖုန်းအဖြစ် နိုင်ငံတကာဈေးကွက်ထဲကို ဝင်လာရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေက နိုင်ငံတကာဈေးကွက်ကိုထိုးဖောက်ရာမှာ အထိနာစေတဲ့အချက်တွေလည်း ဖြစ်လာပါတယ်။

HUAWEI Mate 50 Pro ဟာ 4,700mAh ဘက်ထရီနဲ့အတူ 66W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကတော့ 50W အထိ ရမှာလည်း ဖြစ်ပါတယ်။ 8 GB of RAM နဲ့ 256 GB of Storage ဟာ €1,299 ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာဈေးကွက်မှာ အရင်ကလို စိတ်ဝင်စားမှုတွေ ပြန်ရလာဖို့ဆိုတာကတော့ မလွယ်ကူဘူးလို့ ယုံကြည်ရပါတယ်။

Ref: Gizchina