Huawei က Mate 50 , Mate 50 Pro နဲ့ RS Porsche Design Edition ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်း အားလုံးမှာ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားပြီး အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် 5G မပါလာပါဘူး။

Huawei Mate 50 series debut with SD 8+ Gen 1, variable aperture camera

အားလုံးထဲမှာ Mate 50 Pro က စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး ၆.၇၄ လက်မ OLED 120Hz 1212x2616p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 50MP OIS Main , 13MP Ultrawide , 64MP Telephoto (OIS) ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ RS Porsche Design မှာ 64MP Telephoto အစား 48MP Periscope Telephoto ကင်မရာကို အသုံးပြုထားပါတယ်။ အရှေ့ဘက်မှာ 13MP Ultrawide ကင်မရာကို တပ်ဆင်ထားပြီး Facial Unlock အတွက် 3D ToF Sensor ပါလာပါတယ်။ Mate 50 Series တွေမှာ တပ်ဆင်ထားတဲ့ 50MP Sensor က Aperture f/1.4 ကနေ f/4.0 အထိ ပြောင်းပေးနိုင်တဲ့ Variable Aperture နဲ့ ဖြစ်ပါတယ်။

Huawei Mate 50 series debut with SD 8+ Gen 1, variable aperture camera

Mate 50 Pro မှာ 66W Wired နဲ့ 50W Wireless Charging ပါတဲ့ 4,700mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Blue , Orange, Silver, Black နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး Mate 50 RS အတွက် Blue နဲ့ Purple အရောင်ပဲ ရွေးချယ်နိုင်ပါတယ်။

Huawei Mate 50 series debut with SD 8+ Gen 1, variable aperture camera

Beidou Satellite Message 3 Protocol ဂြိုလ်တု ဆက်သွယ်ရေး ပါလာပြီး ဆယ်လ်လူလာလိုင်း မမိရင်တောင် စာပို့နိုင်၊ တည်နေရာကို မျှဝေနိုင်မှာပါ။

Huawei Mate 50 series debut with SD 8+ Gen 1, variable aperture camera

Mate 50 မှာတော့ ၆.၇ လက်မ OLED 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး Main နဲ့ Ultrawide ကင်မရာတွေက တူညီပေမယ့် 12MP Telephoto ကင်မရာကို အစားထိုးထားပါတယ်။ ဘက်ထရီက ပိုသေးသွားပြီး 4,460mAh ဘက်ထရီ တပ်ဆင်ထားကာ အားသွင်းနှုန်းတွေက တူညီကြပါတယ်။ အရောင်တွေက တူညီပြီး ဖုန်း အားလုံးမှာ HarmonyOS 3.0 မောင်းနှင်ထားပါတယ်။ HarmonyOS 3.0 မှာ ဘက်ထရီ ၁% ပဲ ကျန်မယ်ဆိုရင်တောင် ၃နာရီကြာ ခံအောင် လုပ်နိုင်တဲ့ Advanced Emergency Battery Saving Mode ပါလာပါတယ်။

Huawei Mate 50 series debut with SD 8+ Gen 1, variable aperture camera

တန်ဖိုးအနည်းဆုံး မော်ဒယ်တွေအနေနဲ့ Mate 50 Pro 256GB ကို ၆,၇၉၉ ယွမ် ၊ Mate 50 128GB ကို ၄,၉၉၉ ယွမ်၊ Mate RS Porsche Design ကို ၁၂,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေနဲ့ ဆိုရင် သိန်း ၂၀ကျော် အနည်းဆုံး ကျသင့်မှာပါ။

Mate 50 RS Porsche Design

Ref : gsmarena