Huawei ဟာ လက်ရှိကျင်းပနေတဲ့ IFA 2022 Event မှာ Huawei MatePad Pro 11 Tablet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Huawei MatePad Pro 11 ဟာဆိုရင် Flagship Tablet တစ်လုံးဖြစ်ပြီး လက်ရှိ Huawei ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Tablet တစ်လုံးလို့ ပြောနိုင်ပါတယ်။

Huawei MatePad Pro 11 Tablet ဟာ Performance ပိုင်းမှာ Qualcomm Snapdragon 870 Chipset သို့မဟုတ် Snapdragon 888 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် ရောင်းချတဲ့ Region ပေါ်မှုတည်ပြီး Processor က ပြောင်းလဲသွားမှာပါ။

Huawei MatePad Pro 11 ဟာ Display အနေနဲ့ 11-inch QHD+ 2560×1600 Pixels Resolution ရှိတဲ့ FullView 10-bit Display ကို အသုံးပြုထားမှာဖြစ်ပြီး Screen-to-Body Ratio အနေနဲ့ 92% အထိရှိမှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 13MP Primary Sensor နဲ့ 8MP Ultrawide Sensor ပါဝင်တဲ့ Dual Back Camera Setup နဲ့ 16MP Selfie Camera Sensor တွေပါဝင်မှာဖြစ်ပါတယ်။

တခြားသော Specification တွေအနေနဲ့ကတော့ HarmonyOS 3 ကို အသုံးပြုထားပြီး RAM 8GB နဲ့ Storage 128GB ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 8300mAh Battery ပါဝင်မှာဖြစ်ပြီး Charging Speed ကိုတော့ အတိအကျဖော်ပြသွားခြင်းမရှိသေးပါဘူး။ Bluetooth 5.1 နဲ့ Wi-Fi 5.0 တွေကိုထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ်။

Huawei MatePad Pro 11 Tablet ဟာ Europe စျေးကွက်မှာ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ €649 ဆိုပြီး သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

Ref – Gizmo China