Huawei ကနေ အခုအချိန်မှာ Google Apps နဲ့ Service တွေကို အသုံးပြုနိုင်ခြင်းမရှိတော့သလို နောက်ပိုင်းမှာမိတ်ဆက်လာတဲ့ စမတ်ဖုန်းတွေမှာလည်း Huawei Mobile Services (HMS) နဲ့ပဲ ပြောင်းလဲထုတ်လုပ်လာတာဖြစ်ပါတယ်။ အခုလည်း Huawei ရဲ့ Music Streaming Service ကို Europe မှာ အသုံးပြုနိုင်အောင် မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Huawei ရဲ့ Music App ဟာ Language အများအပြားကို Support ပေးနေပြီးဖြစ်သလို Content တွေလည်း လုံလောက်တဲ့အထိ ရှိနေမယ်လို့ ယူဆရပါတယ်။ အအောင်မြင်ဆုံး Music Streaming Service တွေဖြစ်တဲ့ Spotify လိုမျိုးနဲ့တော့ ယှဥ်နိုင်ဖို့ခက်ခဲနေဦးမှာပါ။

Huawei Video Service လိုမျိုးပဲ အခုလို Music Service ကိုပါ HMS အနေနဲ့ မိတ်ဆက်လိုက်တာက Europe အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲကဆိုပေမယ့် အခုမှ တရားဝင်အသုံးပြုနိုင်တာဖြစ်ပါတယ်။ ကြည့်ရတာ Huawei အနေနဲ့ Apple လိုမျိုးပဲ Ecosystem တစ်ခုကို သေချာဖန်တီးစေချင်တဲ့ပုံစံပါပဲ။

ဒီ Huawei Music App ဟာ Huawei နဲ့ Honor ဖုန်းတွေမှာ Default အနေနဲ့ ပါဝင်မှာဖြစ်သလို AppGallery ကနေလည်း Download ပြုလုပ်နိုင်မှာပါ။ တကယ်လို့ တခြားသော Device တွေက အသုံးပြုချင်တယ်ဆိုရင်တော့ Official Website ကနေလည်း Download ပြုလုပ်နိုင်မယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Huawei Music Streaming Service ဟာ တစ်လကို €9.99 ကျသင့်မှာဖြစ်တဲ့အတွက် Spotify နဲ့ Apple Music တို့လို Music Streaming Service တွေနဲ့ စျေးတူညီနေပြီး ယှဥ်ပြိုင်ဖို့ကတော့ ခက်ခဲဦးမယ်လို့ယူဆရပါတယ်။

Ref – Giz China