Huawei ဟာ မကြာခင်အချိန်အတွင်းမှာ Nova Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Nova 11 ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Nova 11 ဖုန်းဟာ ယခင်မျိုးဆက်ထက် အဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်ထားမယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် အဆိုပါ Nova 11 ဖုန်းရဲ့ Render ဓါတ်ပုံတွေဟာ တရုတ်နိုင်ငံသုံး လူမူကွန်ရက်တစ်ခုဖြစ်တဲ့ Weibo စာမျက်နှာမှာ ပေါက်ကြားခဲ့ပြီး ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို မြင်တွေ့ရတာကြောင့်ဖြစ်ပါတယ်။

Huawei Nova 11 ဖုန်းဟာ Flat Display ကိုပဲ အသုံးပြုထားမှာဖြစ်ပေမယ့် ဘေးဘောင်လေးဖက်စလုံးက အလွန်ပါးလွှာပြီး တူညီတဲ့အထူရှိတာကိုတွေ့ရပါတယ်။ ဒါဟာ Apple iPhone တွေနဲ့ ပိုပြီး ဆင်တူသွားပြီး Huawei ရဲ့ Nova Series ဖုန်းတွေအားလုံးထဲမှာ ဘေးဘောင်အပါးလွှာဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

နောက်ဖက် ဒီဇိုင်းပိုင်းမှာ Triple Camera Setup ကို အသုံးပြုထားပြီး Camera Layout က Huawei Flagship P60 Series ဖုန်းတွေနဲ့ ဆင်တူတာကိုတွေ့ရပါတယ်။ Camera Specs တွေကိုတော့ အတိအကျမသိရသေးပေမယ့် Main Camera Sensor ကို 108MP သို့မဟုတ် 50MP Sensor အသုံးပြုထားမယ်လို့ ယူဆရပါတယ်။

ကျန်တဲ့အချက်အလက်တွေကို မသိရှိရသေးပေမယ့် Huawei Nova 11 Series ဖုန်းတွေဟာ ပထမဆုံးသော ဂြိုလ်တုဆက်သွယ်ရေးစနစ်ပါဝင်တဲ့ Mid Range ဖုန်းတွေဖြစ်လာမှာပါ။ မိတ်ဆက်မယ့်အချိန်ကို Huawei က တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် ယခု ဧပြီလအတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China