Huawei က Nova 11 Series ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပြီး မကြာခင်က ပေါက်ကြားသတင်းအရ Huawei Nova 11 Pro ဟာ ကင်မရာ အပိုင်းမှာ အဆင့်မြင့်လာမှာပါ။ အရည်အသွေးမြင့်တဲ့ 108MP ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက် ပိုကောင်းလာမှာပါ။
Huawei Nova 11 မှာတော့ 50MP ကင်မရာ တပ်ဆင်ထားနိုင်ပြီး Nova 11 Pro မှာ မိုဘိုင်း ဓါတ်ပုံ စွမ်းရည်ဟာ နောက်တစ်ဆင့်တက်သွားမှာ ဖြစ်ပါတယ်။ Huawei ဟာ ကင်မရာ စွမ်းရည်ကို တိုးတက်စေတဲ့ Huawei XMAGE ရဲ့ Algorithm ကို အသုံးပြုထားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
Huawei Nova 11 Pro မှာ စွမ်းရည်မြင့် Low-light ကင်မရာ နည်းပညာ ပါလာနိုင်ပြီး Low-light မှာ တောက်ပ ကြည်လင်တဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်မှာပါ။
Huawei Nova 11 Pro မှာ Qualcomm Snapdragon 8 Gen 1 Chip မောင်းနှင်ထားနိုင်ပြီး စွမ်းဆောင်ရည်မြင့်မားမှာ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာက အားသွင်း အမြန်နှုန်း ဖြစ်ပါတယ်။ 100W Super-fast Charging ပါလာနိုင်ပြီး မိနစ်ပိုင်းအတွင်း ဖုန်းကို အားအပြည့်သွင်းပေးနိုင်မှာပါ။
Huawei က Nova 11 Series ကြေညာမယ့်နေ့ကို တရားဝင် မပြောသေးပေမယ့် ဧပြီလလယ်မှာ မိတ်ဆက်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။ စွမ်းရည်မြင့် Processor ၊ အရည်အသွေးမြင့် ကင်မရာနဲ့ လျှင်မြန်တဲ့ အားသွင်းစနစ်တွေကြောင့် Huawei Nova 11 Pro ဟာ စွမ်းရည်သင့် ဖုန်း နယ်ပယ်မှာ အောင်မြင်လာနိုင်ပါတယ်။
Ref : gizmochina