Huawei က တရုတ်မှာ စွမ်းရည်သင့် Nova Series စမတ်ဖုန်းတွေကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို Nova 12 နဲ့ Nova 12 Pro လို့ အမည်ပေးထားမှာ ဖြစ်ပြီး Huawei ကိုယ်တိုင်ထုတ် Kirin Chip တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Huawei Nova 12-series spec sheet leaks

အခုတော့ ဝီဘိုကနေ အဲဒီ စမတ်ဖုန်းတွေရဲ့ အဓိက Specs တွေ ပေါက်ကြားလာပါတယ်။ Tipster Moorish Sky က Huawei Nova 12 နဲ့ 12 Pro ရဲ့ Specs တွေကို ပိုစတာ ၁ ခုနဲ့ မျှဝေထားပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးမှာ 120Hz Refresh Rate မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Huawei Kunlun Glass နဲ့ ကာကွယ်ထားမှာပါ။

Huawei Nova 12-series spec sheet leaks

Pro မော်ဒယ်မှာ Huawei Mate 60 Pro , Mate X5 Foldable နဲ့ MatePad Pro 13.2 မှာ သုံးထားတဲ့ Kirin 9000S Chip ထည့်သွင်းထားမှာပါ။ Nova 12 မှာ စွမ်းရည်သင့် Kirin 830 Chip အသစ် တပ်ဆင်ထားမှာပါ။ Nova 12 မှာ 4,800mAh Battery နဲ့ 88W Fast Charging ပါလာမှာပါ။ Pro မော်ဒယ်မှာ 4,900mAh Battery နဲ့ 100W Fast Charging ထည့်ထားမှာပါ။

ကင်မရာ အကြောင်းပြောရရင် Nova 12 မှာ 50MP Main , 8MP နဲ့ 12MP တွေ တပ်ထားမှာပါ။ Pro မော်ဒယ်မှာ 50MP ကင်မရာ ၂ လုံးနဲ့ 12MP ကင်မရာတွေ တပ်ထားမှာပါ။ 50MP ၂ လုံးဟာ Main နဲ့ Ultrawide တွေ ဖြစ်နိုင်ပါတယ်။

ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 4K Video ရိုက်နိုင်တဲ့ 60MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ Pro မော်ဒယ်ရဲ့ အရှေ့ဘက်မှာ ကင်မရာ အပို ၁ လုံး ပါလာမှာပါ။ အဲဒီ ဖုန်း ၂ လုံးစလုံးမှာ စာအပြန်အလှန် ပို့နိုင်တဲ့ ဂြိုလ်တု ဆက်သွယ်ရေး ထောက်ပံ့ထားမှာပါ။

Ref : gizmochina