[Zawgyi]

Huawei နဲ႔ Honor အမွတ္တံဆိပ္ေတြဟာ သူတို႔ရဲ႕ ဒီေန႔ေခတ္စမတ္ဖုန္းေဈးကြက္ကို နည္းပညာဆန္းသစ္မႈအျပင္ သင့္တင့္မွ်တဲ့တဲ့ ေဈးႏႈန္းနဲ႔ပါ ထိုးေဖာက္ဖို႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။ Honor အမွတ္တံဆိပ္ဟာ Mid-range ေတြနဲ႔ နာမည္ရလာတယ္ဆိုေပမယ့္ Huawei အမွတ္တံဆိပ္ကလည္း Mid-range နယ္ပယ္ကို စြန႔္ခြာသြားတာေတာ့ မဟုတ္ပါဘူး။

Huawei ဟာ Nova 4 ကို မိတ္ဆက္ေရာင္းခ်ၿပီးတဲ့ေနာက္ ဆက္ခံသူအျဖစ္ Nova 5 ကို ဆက္လက္ ထုတ္လုပ္ေရာင္းခ်မယ္ဆိုတာ အားလုံးလည္း သိၿပီးသား ျဖစ္မွာပါ။ Nova 4 ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာမွာ မိတ္ဆက္ခဲ့တာေၾကာင့္ အခုဆိုရင္ Nova 5 နဲ႔ ပတ္သက္တဲ့ ေပါက္ၾကားမႈေတြ စတင္ေနၿပီျဖစ္ပါတယ္။

အခုေပါက္ၾကားလာတာက Nova 5 အတြက္ Cases ပုံရိပ္ေတြပဲ ျဖစ္ပါတယ္။ Y9 Prime အတြက္သတင္းေတြ ေစာင့္ေမွ်ာ္ေနခ်ိန္မွာ ထြက္ေပၚလာတဲ့ ဒီ Cases ေတြက Nova 5 အတြက္လို႔ သိလိုက္ရတာက အေတာ္ေလးကို စိတ္ဝင္စားစရာ ျဖစ္သြားေစပါတယ္။ ေနာက္ဆုံးသတင္းေတြမွာလည္း ဒီ Cases ေတြဟာ Nova 5 အတြက္လို႔ အခိုင္အမာ ေဖာ္ျပေနၾကတာပါ။

Cases ေတြက ျပသေနတာကေတာ့ Nova 5 ဟာ ေက်ာဘက္မွာ ကင္မရာ သုံးလုံးတပ္ဆင္ထားမယ္ဆိုတာကိုပါပဲ။ ဒါ့အျပင္ ျမင္ေတြရတဲ့ အေပါက္သုံးေပါက္မွာ ႏွစ္ေပါက္ဟာ Microphone အတြက္ ျဖစ္ႏိုင္တယ္လို႔ယူဆရၿပီး က်န္တစ္ေပါက္ကေတာ့ 3.5mm audio jack အတြက္လို႔ ယူဆရပါတယ္။ ေနာက္ထပ္ေတြ႕ျမင္ရတာကေတာ့ Micro USB လို႔ ေျပာရမယ့္ အေပါက္ပါပဲ။

Nova 5 ဟာ Snapdragon chipset 600 series နဲ႔ ထြက္လာမယ္လို႔လည္း သတင္းအခ်ိဳ႕မွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ Snapdragon 665 ကေတာ့ Quick Charge 3 ကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ခိုင္လုံတဲ့ အေထာက္အထား မရွိတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Huawei Nova 5 Case ပုံများထွက်ပေါ်လာ

Huawei နဲ့ Honor အမှတ်တံဆိပ်တွေဟာ သူတို့ရဲ့ ဒီနေ့ခေတ်စမတ်ဖုန်းဈေးကွက်ကို နည်းပညာဆန်းသစ်မှုအပြင် သင့်တင့်မျှတဲ့တဲ့ ဈေးနှုန်းနဲ့ပါ ထိုးဖောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ Honor အမှတ်တံဆိပ်ဟာ Mid-range တွေနဲ့ နာမည်ရလာတယ်ဆိုပေမယ့် Huawei အမှတ်တံဆိပ်ကလည်း Mid-range နယ်ပယ်ကို စွန့်ခွာသွားတာတော့ မဟုတ်ပါဘူး။

Huawei ဟာ Nova 4 ကို မိတ်ဆက်ရောင်းချပြီးတဲ့နောက် ဆက်ခံသူအဖြစ် Nova 5 ကို ဆက်လက် ထုတ်လုပ်ရောင်းချမယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ Nova 4 ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့တာကြောင့် အခုဆိုရင် Nova 5 နဲ့ ပတ်သက်တဲ့ ပေါက်ကြားမှုတွေ စတင်နေပြီဖြစ်ပါတယ်။

အခုပေါက်ကြားလာတာက Nova 5 အတွက် Cases ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ Y9 Prime အတွက်သတင်းတွေ စောင့်မျှော်နေချိန်မှာ ထွက်ပေါ်လာတဲ့ ဒီ Cases တွေက Nova 5 အတွက်လို့ သိလိုက်ရတာက အတော်လေးကို စိတ်ဝင်စားစရာ ဖြစ်သွားစေပါတယ်။ နောက်ဆုံးသတင်းတွေမှာလည်း ဒီ Cases တွေဟာ Nova 5 အတွက်လို့ အခိုင်အမာ ဖော်ပြနေကြတာပါ။

Cases တွေက ပြသနေတာကတော့ Nova 5 ဟာ ကျောဘက်မှာ ကင်မရာ သုံးလုံးတပ်ဆင်ထားမယ်ဆိုတာကိုပါပဲ။ ဒါ့အပြင် မြင်တွေရတဲ့ အပေါက်သုံးပေါက်မှာ နှစ်ပေါက်ဟာ Microphone အတွက် ဖြစ်နိုင်တယ်လို့ယူဆရပြီး ကျန်တစ်ပေါက်ကတော့ 3.5mm audio jack အတွက်လို့ ယူဆရပါတယ်။ နောက်ထပ်တွေ့မြင်ရတာကတော့ Micro USB လို့ ပြောရမယ့် အပေါက်ပါပဲ။

Nova 5 ဟာ Snapdragon chipset 600 series နဲ့ ထွက်လာမယ်လို့လည်း သတင်းအချို့မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ Snapdragon 665 ကတော့ Quick Charge 3 ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့ အထောက်အထား မရှိတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena