[Zawgyi]

Huawei ဟာ nova 5 ကို လာမယ့္ ဇြန္လ ၂၁ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ မိတ္မဆက္ခင္ ထုံးစံအတိုင္း Teaser ေတြ လႊတ္ခဲ့သလို သတင္းေပါက္ၾကားမႈ အခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ တရားဝင္မဟုတ္တာေၾကာင့္ အတည္ျပဳႏိုင္တဲ့ ရင္းျမစ္ေတြ ထြက္ေပၚလာဖို႔ ေစာင့္ခဲ့ရပါတယ္။

အခုေနာက္ဆုံး ထြက္လာတဲ့ သတင္းကေတာ့ Huawei nova 5 မွာ 32MP Selfie ကင္မရာ ပါဝင္လာမယ္ဆိုတာပါပဲ။ ပိုစတာအရ nova 5 ဟာ Punch-hole အစား Waterdrop notch ပဲ အသုံးျပဳထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ၿပီးခဲ့တဲ့တစ္ပါတ္က ေပါက္ၾကားခဲ့တဲ့ nova 5 Pro ကလည္း အလားတူ Notch နဲ႔ပဲျဖစ္တာကို ေတြ႕ခဲ့ၾကရမွာပါ။

ဒါ့အျပင္ Huawei nova 5 ကို ေမာ္ဒယ္နံပါတ္ SEA-AL10 နဲ႔အတူ GeekBench မွာလည္း ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။ အခ်က္အလက္ေတြအရ nova 5 ဟာ Kirin 980 SoC ကို အသုံးျပဳထားတယ္ဆိုတာ အတည္ျပဳႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ RAM ကေတာ့ 8GB ျဖစ္ၿပီး Android 9 ေမာင္းႏွင္ထားတာလည္း ေတြ႕ျမင္ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Single-Core ရမွတ္ 3,520 နဲ႔ Multi-Core ရမွတ္ 9,4,97 ရရွိထားတာကို ေတြ႕ျမင္ရၿပီး တရားဝင္မိတ္ဆက္ၿပီးခ်ိန္မွာေတာ့ အမွန္တကယ္စြမ္းေဆာင္ႏိုင္စြမ္းကို ဆက္လက္ၾကည့္ရႈရဦးမွာပါ။ Huawei nova 5 ဟာ Kirin 980 နဲ႔ထြက္လာတဲ့အတြက္ nova 5i ကေတာ့ Kirin 710 နဲ႔ပဲ ထြက္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Huawei nova 5 ဟာ 32MP Selfie ကင်မရာနဲ့ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ

Huawei ဟာ nova 5 ကို လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မိတ်မဆက်ခင် ထုံးစံအတိုင်း Teaser တွေ လွှတ်ခဲ့သလို သတင်းပေါက်ကြားမှု အချို့လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် တရားဝင်မဟုတ်တာကြောင့် အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေ ထွက်ပေါ်လာဖို့ စောင့်ခဲ့ရပါတယ်။

အခုနောက်ဆုံး ထွက်လာတဲ့ သတင်းကတော့ Huawei nova 5 မှာ 32MP Selfie ကင်မရာ ပါဝင်လာမယ်ဆိုတာပါပဲ။ ပိုစတာအရ nova 5 ဟာ Punch-hole အစား Waterdrop notch ပဲ အသုံးပြုထားတာကိုလည်း တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့တစ်ပါတ်က ပေါက်ကြားခဲ့တဲ့ nova 5 Pro ကလည်း အလားတူ Notch နဲ့ပဲဖြစ်တာကို တွေ့ခဲ့ကြရမှာပါ။

ဒါ့အပြင် Huawei nova 5 ကို မော်ဒယ်နံပါတ် SEA-AL10 နဲ့အတူ GeekBench မှာလည်း တွေ့မြင်ရပြီ ဖြစ်ပါတယ်။ အချက်အလက်တွေအရ nova 5 ဟာ Kirin 980 SoC ကို အသုံးပြုထားတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ RAM ကတော့ 8GB ဖြစ်ပြီး Android 9 မောင်းနှင်ထားတာလည်း တွေ့မြင်ရပါတယ်။

လက်ရှိအချိန်မှာတော့ Single-Core ရမှတ် 3,520 နဲ့ Multi-Core ရမှတ် 9,4,97 ရရှိထားတာကို တွေ့မြင်ရပြီး တရားဝင်မိတ်ဆက်ပြီးချိန်မှာတော့ အမှန်တကယ်စွမ်းဆောင်နိုင်စွမ်းကို ဆက်လက်ကြည့်ရှုရဦးမှာပါ။ Huawei nova 5 ဟာ Kirin 980 နဲ့ထွက်လာတဲ့အတွက် nova 5i ကတော့ Kirin 710 နဲ့ပဲ ထွက်လာဖို့ မျှော်လင့်ရပါတယ်။

Ref: GSMArena