Huawei nova 7 Series ၃ လုံးကို တရုတ်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကြိုတင်မှာယူခွင့်ပြုခဲ့ပြီး အခုတော့ ပထမဆုံး အသုတ် ရောင်းပေးလိုက်ပါတယ်။ Vmall က ပို့ဆောင်ပေးမယ့် အချိန်ကို မေလ ၆ ရက် မတိုင်ခင်လို့ ဖော်ပြထားတဲ့အတွက် ဝယ်ယူထားသူတွေဟာ နောက် ၁ ပတ်လောက်မှ ကိုင်နိုင်မှာ ဖြစ်ပါတယ်။

စျေးနှုန်းတွေကတော့ Nova 7 SE 5G က တရုတ်ငွေ ၂၄၀၀ ယွမ် (မြန်မာငွေ ၄၈၀,၀၀၀ ကျပ် ဝန်းကျင်)၊ Nova 7 5G က တရုတ်ငွေ ၃၀၀၀ ယွမ် (မြန်မာငွေ ၆သိန်း ဝန်းကျင်) နဲ့ Nova 7 Pro 5G က တရုတ်ငွေ ၃၇၀၀ ယွမ် (မြန်မာငွေ ၇၄၀,၀၀၀ ကျပ် ဝန်းကျင်) ကနေ စတင်ကျသင့်မှာ ဖြစ်ပါတယ််။

Huawei nova 7 Series တွေကို မကြာခင် တရုတ် ပြင်ပမှာ ရောင်းမယ်လို့ မထင်ပါဘူး။ နိုင်ငံတကာမှာ ရောင်းမယ်ဆိုရင် ဖုန်း နာမည်တွေကို ပြောင်းနိုင်ပါတယ်။ ဥပမာ အနေနဲ့ nova 6 SE ကို Huawei P40 Lite နာမည် ၊ 6 SE ကို မလေးရှားမှာ nova 7i နာမည်နဲ့ ရောင်းချပေးခဲ့ပါတယ်။

Honor V30 Series ကို ဥရောပမှာ ရောင်းမယ်လို့ မျှော်လင့်ထားပေမယ့် အခုထိ မရောင်းသေးပါဘူး။ အဲဒီ ဖုန်းတွေမှာ nova 7 Pro မှာလို Periscope ကင်မရာ မပါလာပါဘူး။ ဒါပေမယ့် V30 ၂ လုံးဟာ ကင်မရာ စွမ်းရည် မြင့်မားပြီး စွမ်းရည်မြင့် Kirin 990 Chipset မောင်းနှင်ထားပါတယ်။ nova 7 , P40 နဲ့ V30 ဖုန်းတွေမှာ GMS မပါဘဲ Huawei Mobile Services ပဲ ပါလာပါတယ်။

Ref : gsmarena