Huawei ဟာ Nova Series စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Nova 7 SE 5G Youth ကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Huawei Kirin Chipset အစား MediaTek Dimensity 800U Chipset ကို ပြောင်းလဲအသုံးပြုထားတာလည်းဖြစ်ပါတယ်။

အခုလည်း Huawei ကနေ Nova 8 SE နာမည်နဲ့ နောက်ထပ် Nova Series စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ Nova 8 SE ဖုန်းက ထူးခြားချက်အနေနဲ့ မတူညီတဲ့ Version ၂ မျိုးနဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Huawei Nova 8 SE ဟာ 5.53″ Full HD+ OLED Display ကို အသုံးပြုလာမှာဖြစ်ပြီး Selfie Camera အတွက် Punch-hole Design နဲ့ ပြုလုပ်ထားမှာဖြစ်ပါတယ်။ Battery Capacity အတိအကျကိုတော့ မသိရှိရသေးပေမယ့် Nova 8 SE ဟာ လက်ရှိ Huawei Mate 40 Pro ဖုန်းတွေမှာပဲ ပါဝင်သေးတဲ့ 66W SuperCharge Fast Charging စနစ်ကို ထောက်ပံ့ပေးနိုင်မှာပါ။ အဲ့ဒီအတွက် High End ဖုန်းတွေထဲမှာ Charging Speed အမြန်ဆန်ဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Processor ပိုင်းမှာတော့ Huawei Nova 8 SE ဖုန်းဟာ မတူညီတဲ့ 5G Chipset ၂ မျိုးကို အသုံးပြုလာမှာဖြစ်ပြီး MediaTek Chipset တွေပဲဖြစ်မယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာကတော့ လက်ရှိ MediaTek Dimensity 720 Chipset နဲ့ Dimensity 800U Chipset ၂ မျိုးဖြစ်မယ်လို့ ယူဆရပါတယ်။

Camera အနေနဲ့ကတော့ 48MP Primary + 8MP + 2MP + 2MP Sensor တွေပါဝင်တဲ့ Quad Camera Setup အပြင် Selfie Camera ကလည်း 16MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Body Design ပိုင်းအနေနဲ့ ပိုပြီး ပါးလွှာပေါ့ပါးအောင် ပြုလုပ်ထားတဲ့အတွက် 7.46mm အထူနဲ့ 178g ပဲ အလေးချိန်ရှိမယ်လို့ သိရပါတယ်။

Ref – GSM Arena