Huawei ဟာ Nova 8 Series တွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ နိုဝင်ဘာလမှာ ကြေညာမယ်လို့ ဝီဘိုမှာ ဘလော့ဂါ ၁ ယောက်က သတင်းပေးလာပါတယ်။ Huawei Nova 8 Series အတွက် မော်ဒယ် အနည်းငယ် ထုတ်လုပ်ထားမှာ ဖြစ်ပြီး အဲဒီထဲမှာ Huawei Nova 8 နဲ့ Nova 8 Pro တို့ ပါလာမှာပါ။ အဲဒီ ဖုန်းတွေရဲ့ လျှို့ဝှက်နာမည်က Jessica နဲ့ JessicaH ဖြစ်ပြီး Huawei Nova Series ထဲမှာ 120Hz Refresh Rate ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ အဖြစ် မှတ်တမ်းဝင်သွားမှာပါ။

အရှေ့ ကင်မရာ ၂ လုံးကို မျက်နှာပြင် အထက် ဘယ်ဘက်မှာ ထည့်သွင်းထားတာက Nova 7 Pro နဲ့ တူညီမှာပါ။ အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ Huawei Nova 8 Series မှာ OLED မျက်နှာပြင်ကို သုံးထားမှာ ဖြစ်ပြီး အနည်းဆုံး မော်ဒယ် ၂ လုံးဟာ အရင်မျိုးဆက်ရဲ့ 60Hz ထက် ပိုလန်းတဲ့ 120Hz Refresh Rate ပါလာမှာပါ။

Fans တွေက Huawei Nova 8 Series ရဲ့ Chipset ကိုလည်း စိတ်ဝင်စားနေကြပါတယ်။ အရင် သတင်းတွေအရ အဲဒီ စမတ်ဖုန်းတွေမှာ Kirin 9000 Series Chipset တွေ ထည့်သွင်းထားမယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် Mate 40 Series တွေအတွက်တောင် Kirin 9000 Chip တွေ မလုံလောက်တဲ့အတွက် Nova 8 Series မှာ အရင်မျိုးဆက် စွမ်းရည်မြင့် Kirin 990 Chipset ကိုပဲ အသုံးပြုထားနိုင်ပါတယ်။

Huawei Nova 8 Series တွေကို Ministry of Industry and Information Technology က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပြီး နိုဝင်ဘာလမှာ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gizchina