Huawei ဟာ X Button ပါဝင်ပြီး 6000 mAh ဘက်ထရီ ထည့်သွင်းပေးထားတဲ့ HUAWEI nova Y72 ကို မိတ်ဆက်ခဲ့ပါတယ်။

HUAWEI nova Y72 ရဲ့ အနက် နဲ့ အစိမ်း အရောင် ၂ မျိုးစလုံးဟာ နှစ်လိုဖွယ်ကောင်းပြီး အနောက်ဘက်ကာဗာကို တလက်လက်တောက်ပနေတဲ့ စိန်ပွင့်လေးတွေအတိုင်း ဒီဇိုင်းထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ကိုင်တွယ်ရတာလည်း နူးညံ့တဲ့ ခံစားမှုကို ရစေပြီး လက်ရာထင်ခြင်းလည်း မရှိတာကို တွေ့ရပါတယ်။

မျက်နှာပြင်အကျယ်က 6.75 လက်မရှိပြီး screen-to-body ratio က 90.26% ရှိတာကြောင့် မြင်ကွင်းကျယ် ကြည့်ရှုနိုင်ပါတယ်။ ပတ်ဝန်းကျင်ကိုလိုက်ပြီး မျက်နှာပြင်အလင်းရောင်ထိန်းညှိပေးနိုင်တဲ့ Smooth Screen Dimming Control ထည့်သွင်းပေးထားပြီး နေ့ဘက်မှာ ပိုမိုမြင်နိုင်စေဖို့ မျက်နှာပြင်အလင်းရောင်ကို အလိုအလျောက်တိုးမြင့်ပေးပြီး မှောင်တဲ့ပတ်ဝန်းကျင်မှာလည်း အလိုအလျောက် လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးထိခိုက်မှုကို လျှော့ချပေးနိုင်ပြီး ဖုန်းအသုံးပြုရာမှာလည်း သက်တောင့်သက်သာဖြစ်စေမှာပါ။


Nova Y Series တွေရဲ့ ထုံးစံအတိုင်း HUAWEI nova Y72 မှာလည်း အသုံးခံတဲ့ 6000 mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။ အားအပြည့်သွင်းထားတဲ့အခါ ၃၁ နာရီကြာ ဗီဒီယိုကြည့်ရှုနိုင်ပြီး၊ နာရီ ၈၀ ကြာ သီချင်း နားထောင်ခြင်း၊ (ဒါမှမဟုတ်) ၂၅ နာရီကြာ အင်တာနက်အသုံးပြုခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

22.5W HUAWEI SuperCharge လည်းပါဝင်ပြီး AI Battery Saving နည်းပညာ၊ Intelligent Charging Management စတဲ့ စမတ်အားသွင်းနည်းပညာတွေ ထည့်သွင်းထားတဲ့အတွက် ဘက်ထရီအားပိုမိုခံစေပါသည်။

X Button ရဲ့ အသုံးဝင်ပုံကတော့ အမြဲအသုံးပြုနေတဲ့ Apps တွေကိုဝင်ရောက်တဲ့အခါ ပိုမိုလွယ်ကူသွားစေတာပါ။ flashlight, calculator, voice recorder, quick menu စတာတွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အသုံးပြုနိုင်တဲ့အတွက် ပိုမိုကောင်းမွန်ပြီး လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်တဲ့ အားသာချက် ပါဝင်လာတာပဲ ဖြစ်ပါတယ်။

Quick menu မှာပါဝင်တဲ့ Double Click နဲ့ Long Press Features က နေ့စဉ်ဘဝမှာအသုံးပြုနေကျ apps တွေကို Customize ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့ကိုလည်း X Button က ပြုလုပ်ပေးနိုင်တာပါ။

ဒီလုပ်ဆောင်ချက်က သုံးစွဲသူတွေကို ဖုန်းခေါ်ဆိုတာ၊ ငွေပေးချေမှုကုဒ်တွေနဲ့ အခြားအရာတွေအပါအဝင် သူတို့ရဲ့နေ့စဉ်ဘဝမှာ အသုံးများတဲ့ အက်ပ်တွေကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်စေပါတယ်။

50MP ကင်မရာစနစ်နဲ့ Macro Camera စနစ်ကိုလည်း ထည့်သွင်းပေးထားပြီး Main camera က F1.8 large aperture ဖြစ်ပါတယ်။ အလင်းအမှောင် ညီမျှပြီး ရုပ်ထွက်ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာပါ။ 4-in-1 pixel binning နည်းပညာ၊ (1.4um ဆင်ဆာ) ကြောင့် Noise တွေကို လျှော့ချပေးပြီး အလင်းနဲ့ မှောင်တဲ့ဧရိယာတွေကို ရှင်းလင်းခွဲခြားပြသပေးနိုင်ပါတယ်။

8-megapixel ရှေ့ကင်မရာကတော့ အရေပြားအရောင်ကိုအခြေခံပြီး ချောမွေ့စေခြင်း၊ ဖြူဝင်းလာစေခြင်း၊ မျက်နှာကိုပိန်စေခြင်းနှင့် ဝက်ခြံများကို ဖယ်ရှားခြင်းတွေလိုမျိုး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒါကြောင့် ခုရိုက်၊ ခုတင် ဆယ်လ်ဖီသမားတွေရဲ့ အကြိုက်ဖြစ်ပါလိမ့်မယ်။ Super Night Mode နဲ့ AI Snapshot လိုမျိုး အခြားဓာတ်ပုံရိုက်မုဒ်တွေကလည်း သုံးစွဲသူတွေကို မတူညီတဲ့ အတွ့အကြုံ ပေးနိုင်ပါလိမ့်မယ်။

Media release: HUAWEI