Huawei က တောင်အာဖရိကမှာ Nova Y9a ကို ကြေညာလိုက်ပါတယ်။ ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ Punch Hole သို့မဟုတ် Waterdrop Notch မျက်နှာပြင် ဒီဇိုင်းတွေကို သုံးထားကြပြီး Pop-up Selfie ကင်မရာ ဒီဇိုင်းတွေ မရှိသလောက် ရှားပါးနေကြပါပြီ။ Huawei Nova Y9a ရဲ့ ထူးခြားချက်က Pop-up Selfie ကင်မရာကို သုံးထားတာပါ။

Huawei Nova Y9a

Huawei Nova Y9a မှာ ၆.၆၃ လက်မ IPS LCD 1080x2400p မျက်နှာပြင် တပ်ဆင်ထားပြီး Screen-to-body Ratio က ၉၂ ရာခိုင်နှုန်း ရှိပါတယ်။ Pop-up Selfie ကင်မရာက 16MP ဖြစ်ပါတယ်။ အနောက် ကင်မရာတွေကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်သွင်းထားပြီး 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ Super Night Mode, EIS နဲ့ 1080p Video Shooting စတဲ့ ဓါတ်ပုံ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Huawei Y9a specs, review, release date - PhonesData

စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်ပြီး Helio G80 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB UFS 2.1 Storage ပါလာပြီး ဒိတ်အောက်နေတဲ့ Android 10 OS အခြေပြု EMUI 10.1 ပဲ ထည့်သွင်းထားပါတယ်။ တခြား Huawei ဖုန်းတွေမှာလိုပဲ Google Apps နဲ့ Services တွေ မပါလာပါဘူး။

Nova Y9a မှာ 4,300mAh ဘက်ထရီ ထည့်သွင်းထားပြီး 40W SuperCharge Fast Charging နည်းပညာ ပါပါတယ်။ တခြား ဆက်သွယ်မှုတွေအကြောင်းပြောရရင် Dual 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.1,  USB-C Port နဲ့  3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အထူက ၈.၉၅ မီလီမီတာနဲ့ အလေးချိန်က ၁၉၇ ဂရမ် ရှိပါတယ်။

Huawei Nova Y9a ကို တောင်အာဖရိကမှာ ၄၁၇ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၇၃၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ Space Silver, Sakura Pink နဲ့ Midnight Black အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Ref : gizmochina