လူကြိုက်များရေပန်းစားအောင်မြင်ခဲ့သည့် HUAWEI nova5T နှင့် FreeBuds 3 ကို အရောင်သစ်များ ဖြစ်သည့် Crush Green နှင့် Red Edition အဖြစ်မြင်တွေ့ရတော့မည်။

စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုနှင့် ခေတ်မှီသေသပ်လှပသည့်ဒီဇိုင်းကြောင့် မြန်မာနိုင်ငံတွင် လူငယ် လူကြီးများကြား ရေပန်းစားကျော်ကြားသည့် HUAWEI nova 5T ကို အရောင်အသစ် Crush Green ဖြင့်စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး စတိုင်ကျလှပသောစမတ်ဖုန်းကိုသာ လိုချင်သော အသုံးပြုသူများအတွက် ယခင် ရွေးချယ်စရာအရောင်များ ဖြစ်တဲ့ Midsummer Purple၊ Crush Blue နှင့် Blackတို့သာ ရှိခဲ့ရာက ယခုဆိုလျှင် ရွေးချယ်နိုင်စရာ အရောင်ဆန်းဖြင့် ရရှိနိုင်တော့မှာ ဖြစ်ပါသည်။ Crush Green သည် ပြိုင်ဘက်ကင်း လှပသေသပ် တောက်ပသော အစိမ်းရောင်ပြေးကို ဖော်ထုတ်ပြသထားခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်၍ ၅၅၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါ သည်။

Huawei မှ ပြီးခဲ့သည့် နှစ်များအတွင်း ရွေးချယ်စရာများပြားသောအရောင်၊ ဆန်းသစ်သောဒီဇိုင်းတို့ဖြင့် HUAWEI nova Series များကို မိတ်ဆက်လာခဲ့သည်ဖြစ်သည်။ HUAWEI nova 5T သည် စတင်မိတ်ဆက်သည့်အချိန်မှစ၍ ကောင်းမွန်သောစွမ်းဆောင်ရည်နင့် သေသပ်လှပသောဒီဇိုင်းတို့ကြောင့် အပြိုင်အဆိုင်များထဲတွင်ထင်ပေါ်နေခြင်းဖြစ်သည်။ တချို့သောဒေသများတွင် စတင်မိတ်ဆက်သည့်အချိန်မှာကတည်းကပစ္စည်းပြတ်လတ်မှုများ ဖြစ်ပေါ်သည်အထိ လူကြိုက်များရေပန်းစားခဲ့ပါသည်။ HUAWEI nova Series သည် သုံးစွဲသူများ၏ အခိုင်အမာ ထောက်ခံမှုကို ရရှိထားသောကြောင့် HUAWEI nova5T ကိုလည်း ယုံကြည်စိတ်ချစွာ ဝယ်ယူကြခြင်းဖြစ်သည်။

HUAWEI nova 5T ၏အရောင်အသစ် Crush Green ကိုမိတ်ဆက်လိုက်သည့်နှင့်အတူ စမတ်ဖုန်းဒီဇိုင်း တွင် trend တစ်ခုကိုဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ Crush Green အရောင်သည် လှပသောကန်ရေမျက်နှာ ပြင်လို ကြည်လင်တောက်ပပြီး သက်တန့်ရောင်စုံများ အလင်းပြန်နေသကဲ့သို့ စိတ်ကူးယဉ်ဆန်ပြီး ခေတ်မီသည့်အရောင်ဖြစ်သည်။

HUAWEI nova 5T တွင်ပါအသုံးပြုထားသည့် ၆.၂၆လက်မ Punch Display ကြောင့် ဗီဒီယိုပဲကြည့်ကြည့်၊ ဂိမ်းပဲဆော့ဆော့ မြင်ကွင်းကျယ်မျက်နှာပြင်ကို အပြည့်အဝခံစားနိုင်မည်ဖြစ်သည်။ HUAWEI nova 5T တွင် ပါးလွှာသောကိုယ်ထည်၊ သေသပ်လှပသောအချောသပ်ပုံစံတို့အပြင် fingerprint ကို ဘေးဖက်တွင် ထားရှိထားသောကြောင့် ဒီဇိုင်းပိုင်းတွင်ပိုမိုထူးခြားသွားယုံသာမက ကိုင်ရတာပိုမိုလွယ်ကူစေပြီး တန်ဖိုးကြီး ဖုန်းများအသုံးပြုရသလို ခံစားချက်ကို ရရှိစေမည်ဖြစ်ပါသည်။

HUAWEI nova 5T သည် ဓာတ်ပုံရိုက်ခြင်း၊ ဂိမ်းကစားခြင်းအစရှိသည်တို့ အတွက်အကောင်းဆုံးစွမ်းဆောင်ရည်ကို တန်သင့်မျှတသော တန်ဖိုးဖြင့်ဝယ်ယူရရှိနိုင်မည့် စမတ်ဖုန်းတစ်လုံးအဖြစ် သတ်မှတ်နိုင်မှာပဲဖြစ်ပါသည်။

HUAWEI nova 5T တွင် ပါဝင်သည့် 32MP အရှေ့ကင်မရာဖြင့် ပိုစတာဆိုက်ဒ်ပင် ထုတ်နိုင်မည့် အရည်အသွေးရှိသော ဆယ်ဖီပုံများကို စိတ်ကြိုက်ရိုက်ကူးနိုင်မည်ဖြစ်သလို အနောက်ဖက်တွင် quad-camera setup ဖြင့် 48MP ပင်မကင်မရာပါဝင်သောကြောင့် သုံးစွဲသူတို့ အခြေအနေအမျိုးမျိုးတွင် စိတ်ကြိုက်မြင် ကွင်းကျယ်ဓာတ်ပုံ့များ၊ အနီးကပ်ဆုံးပုံရိပ်များနှင့် လှပသော Portrait ပုံများကို လိုသလိုပုံဖော် ရိုက်ကူးနိုင်မည်ဖြစ်သည်။

HUAWEI nova 5T ကို flagship series များတွင်အသုံးပြုသည့် Kirin 980 chipset နှင့် EMUI9.1 တို့ အသုံးပြုပေးထားသောကြောင့် ပိုမိုကောင်းမွန်၊ ချောမွေ့သောစွမ်းဆောင်ရည်တို့ကိုပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် GPU 3.0 technology ကိုအားဖြည့်အသုံးပြုထားသောကြောင့် ဂိမ်းကစားရာတွင် အချောမွေ့ဆုံး၊ အကောင်းမွန်ဆုံးသော အတွေ့အကြုံများကိုခံစားနိုင်မည်ဖြစ်သည်။ ဘက်ထရီကိုလည်း 22.5W HUAWEI SuperCharge စနစ်က အထောက်အပံ့ပေးထားပြီး နာရီဝက်သွင်းရုံနှင့် ၅၀% အားပြည့်စေမှာဖြစ်ပါသည်။

အရှေ့ကင်မရာဖြင့် ပိုစတာဆိုက်ဒ်ပင်ထုတ်နိုင်မည့် အရည်အသွေးရှိသော ဆယ်ဖီပုံများကို စိတ်ကြိုက်ရိုက်ကူးနိုင်မည်ဖြစ်သလို အနောက်ဖက်တွင် quad-camera setup ဖြင့် 48MP ပင်မကင်မရာ ပါဝင်သောကြောင့် သုံးစွဲသူတို့ အခြေအနေအမျိုးမျိုးတွင် စိတ်ကြိုက်မြင်ကွင်းကျယ်ဓာတ်ပုံများ၊ အနီးကပ်ဆုံးပုံရိပ်များနှင့် လှပသော Portrait ပုံများကို လိုသလိုပုံဖော်ရိုက်ကူးနိုင်မည်ဖြစ်သည်။

ထို့အပြင် Huawei မှ FreeBuds 3 အရောင်အသစ် အနီရောင် (red edition) ကို Valentine’s Day နှင့် အချိန်မီ မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အနီရောင်သည် ချစ်ခြင်းမေတ္တာကိုထုတ်ဖော်ပြသသည့်သဘော သက်ရောက်စေသည့်အတွက် မိမိ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသနိုင်မှာဖြစ်သည်။ ထူးခြားပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ FreeBuds 3 က Dolphin Bionic Design ဖြစ်သည့် အတွက် နားထဲမှာ အံဝင်ခွင်ကျဖြစ်စေမှာဖြစ်သလို သေးသေးသွယ်သွယ်၊ ကျစ်ကျစ်လစ်လစ်နဲ့အပြင် Charging Case ကလည်း စက်ဝိုင်းပုံစံလေး ဖြစ်တာကြောင့် လူငယ်တွေ အကြိုက်တွေ့စေမည့် ပုံစံမျိုးဖြစ်ပါသည်။ Kirin A1 Chipset ကိုအသုံးပြုထားပြီး Active Noise Cancellation စနစ်၊ Double Touch Feature, Bone Sensor နည်းပညာ၊ Studio အသံအရည်အသွေး၊ Instant Paring, Wireless Charging စနစ်တို့လည်းပါဝင်တာကြောင့် စွမ်းဆောင်ရည်ပိုင်းနှင့် ဘက်ထရီပိုင်းမှာ သိသိသာသာပိုမိုကောင်း မွန်ပါသည်။ Active Noise Cancellation စနစ်နှင့် ကမ္ဘာ့ပထမဆုံး BT/Blue dual-mode Bluetooth 5.1 သောကြောင့် လျင်မြန်တဲ့ Bluetooth ချိတ်ဆက်မှု၊ တိကျတဲ့အသံထွက်စနစ်တို့အပြင် Noise Cancellation စနစ်တို့ကြောင့် စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမှာ ဖြစ်ပါသည်။ ဒီ အနီရောင် (red edition) ကိုလည်း ဖေဖော်ဝါရီ (၁)ရက်နေ့မှ၍ ၂၀၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

Ref : HUAWEI